(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)
Unicode
၈နာရီလောက် ကျောင်းသွားဖို့ အိမ်ပေါ်ကဆင်းလာကြသည့် ထည်ဝါနှင့်မီမီ။
အိမ်ရှေ့တန်းလျားရှိ မနက်စာထမင်းဝိုင်းတွင် ဘကြီးစိုးကတော့ ဦးစွာစားလို့နေ၏။" ကဲ လာကြဝေ့ မနက်စာစားသွားကြဦး.."
"ကျွန်တော်မစားတော့ဘူး အဘ.. မီမီနင်စားမယ်ဆို ဝင်စား ညီညီနဲ့တစ်ခါတည်း.."
" စားမယ်...အခုတလောငါဘာဖြစ်နေလဲမသိဘူး ပါးစပ်ထဲတစ်ခုခုဝါးနေမှအဆင်ပြေတယ်.."
ပြေပြောဆိုဆိုဖြင့် မီမီထည်ဝါပြည့်စုံထွန်းက ညီညီ၏ဘေးတွင်ဝင်ထိုင်ကာထမင်းစားသည်။
စတော်ပဲပြုတ်နိုင်းချင်းနဲ့ထမင်းကြော်သည် အီစိမ့်နေ၏။" အနန်း...ပေး ပန်းကန် မမထည့်ပေးမယ်.."
မနက်ထဲက တွေ့လိုတွေငြားရှာနေမိပေမယ့် ချစ်တဲ့သူက ပုန်းလို့နေ၏။
အချစ်ရေ..မင်းပဲပုန်းနိုင်မလား....ကိုယ်ပဲရှာနိုင်မလား။အိမ်အနောက်ဘက် လမ်းကွေ့လေးအတိုင်း ထည်ဝါလျှောက်လာသည်။
အစောစိုက်ပျိုးထားသည့် စံပယ်ရုံများမှာ အဖူးများဝေဆာကာ အချို့အပွင့်လေးများဆို ပွင့်လန်းဖို့အာတောင်နေပြီ။ချစ်တတ်နေပြီ။
လူကိုကော ၊ စံပယ်တွေကိုကော။
မြတ်နိုးတတ်နေပြီ။
လူကိုကော ၊ သက်ဆိုင်သူစံပယ်တွေကိုကော။ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လာမိရာ အရှေ့မှမြင်ကွင်းကြောင့် လူဟာနည်းနည်းတော့ရယ်ချင်မိသွား၏။
ဘယ်နှယ်ဗျာ...ကြောင်လျှာပင်ကြီးအောက်ရှိမြေပြောင်ပြောင်တွင် သင်တိုင်းကြီးမကာ
တစ်ယောက်ထဲ ကုလားမစည်းနင်းနေသော အသံခပ်ဝဲဝဲပိုင်ရှင်။အနောက်မှာရပ်ကာအသံမပေးပဲ လက်နောက်ပစ်၍ထည်ဝါရပ်ကြည့်နေမိသည်။
ကျောလယ်လောက်ရှိသည့် ပျော့ပျောင်းပျောင်းဆံနွယ်တို့ကို ထုံးစံအတိုင်းကျစ်ဆံမြှီးကျစ်ထားပြီး ၊ နက်ပြာနှင့်နီညိုရောင်ရောစပ်ထားသည့် ချည်ထိုးသင်တိုင်းလေးကိုမကာ ခုန်ပေါက်ကစားနေသည့် အစောသည် အရပ်ကြီးကလန့်ကလားနှင့် လားလားမျှကြည့်မကောင်း။
YOU ARE READING
ညီလေးတို့ ရွာ..(Completed)
Romanceထုံကြိုင်လွန်းလှ စံပယ်ပန်းကို ကိုလေး မကြိုက်~~ ဖျက်ဆီးတတ်သော်လည်း.. မြတ်နိုးသူကား~~ ချစ်မြတ်နိုး ၏။ #ကိုလေး..။