အပိုင်း(၂၉)

1.1K 75 0
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

" ဒီရက်ပိုင်း ဆရာမလေးနေထိုင်ကောင်းရဲ့လားရှင့်..."

"ဟုတ်ကဲ့... နေလို့ထိုင်လို့ကောင်းပါတယ် တစ်ချက်တစ်ချက်မိုက်ခနဲမူးတာလောက်လေးတော့ဖြစ်တယ်ရယ်.."

အကြော်ဆိုင်ထဲရှိခုံဝိုင်းလေးတွင် ဆရာမလေးမီမီနဲ့ ညမွှေးတို့အုပ်စု စကားပြောနေကြတယ်။
ထိုအချိန် ရွာလယ်ပိုင်းမှ နုရည်တို့ ကောင်မတစ်အုပ် အကြော်ဆိုင်ထဲဝင်လာကြသည်။
သပြေတန်းရွာတွင် အချောအလှနှစ်ယောက်သာရှိသည်။ သူတို့သည် ညမွှေးနှင့် နုရည်ဖြစ်၏။

နုရည်သည် သူမ၏အလှတွင် မောက်မာသည်။
လယ်ယာပိုင်ရှင်ကြီး ဦးမြကြိုင်၏သမီးဖြစ်သည်မို့ ဂုဏ်မာန်ထောင်လွှားသည်။တစ်ဖက်လူအပေါ် နိုင်စားတတ်၏။ဒါတွေကတော့ သူမ၏ပင်ကိုယ်စရိုက်နှင့်အကျင့်ဖြစ်သည်။

ညမွှေးတို့၏ ဘေးဘက်အစွန်ဝိုင်းခုံတွင် သူ၏အပေါင်းအပါ၃ယောက်ဖြင့် ဝင်ထိုင်ကာ အကြော်စုံအမှာပြုသည်။
ထိုနောက်...ညမွှေးတို့ကိုစောင်းငဲကြည့်ကာ မတူသလိုမျက်နှာပေးဖြင့် မျက်စောင်းကိုဝင့်ကာရွယ်သည်။

ဒါတွေကိုအကဲခတ်ကြည့်နေသော အောင်အောင်က..။

" ညမွှေးရေ...ဟောဟိုမှာ နင်အရမ်းချစ်ရတဲ့ နုရည် ငါတို့ဝိုင်းကို မထီသလိုကြည့်နေတယ်.."

" ဘာကိုအရမ်းချစ်ရတဲ့လဲ....တော်စမ်းဟယ်ဒီလိုမောက်မာတဲ့မိန်းမကို အာရုံထဲမထည့်တာပဲကောင်းတယ်.."

"ဟုတ်ပါ့ဟယ်...ဒီလိုနေရာမှာ လာတွေ့ရတယ်လို့ ဘယ်အချိန်ထသတ်ကြမလဲ မသိတဲ့ဥစ္စာ.."

ဘူးသီးကြော်ကိုအချဥ်ရည်ဖြင့် တို့နေရင်းမှ ခင်လွှမ်းကပါဝင်ပြောသည်။
မီမီကတော့ သူတို့ကိုစောင်းငဲကြည့်နေသော နုရည်ဆိုသော မိန်းကလေးကိုသာ ကြည့်နေသည်။

သူမကတယ်ကိုလှပါတယ်။
ပင်နီလုံချည်အကွက်ဆန်းလေးကို သေသပ်စွာချုပ်ဝတ်ထားပြီး ကျောလယ်လောက်ရှိသည့် ရွှေအိုရောင်ဆံနွယ်တို့ကို နှစ်ဖက်ခွဲ၍ကျစ်ဆံမြှီးကျစ်ထားသည်။
ဝါဝင်းသည့် မျက်နှာဝိုင်းဝိုင်းလေးကိုဖြင့် ညမွှေးတို့ခင်လွှမ်းတို့လို သနပ်ခါးလိမ်းခြယ်ထားတာမဟုတ်ပဲ မိတ်ကပ်ရောင်စုံများဖြင့်ခြယ်သထားသည်။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now