အပိုင်း(၂၆)

1.2K 76 0
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

ဘူးပင်၊ ခရမ်းပင် ၊ ချဥ်ပေါင်နီပင်များဘေးရှိ မြက်ပင်ရိုင်းများသည် လူသွားလမ်းလေး၏ဘေးတစ်ဖက်စီတွင် အလျှိုလျှိုပေါက်နေကြသည်။
ထို့အတူ လေတစ်ချက်ဝေ့တိုက်တိုင်း နှာဖျားဆီသို့ရိုက်ခတ်လာသော ပဒုမ္မာကြာပန်းရနံ့သည် လက်တွဲကာယှဥ်လျှောက်နေကြသော ထည်ဝါနဲ့ အစော၏ စိတ်နှလုံးကို အေးမြစေသည်။

ထူးဆန်းလွန်းလှသည်။
ပဒုမ္မာကြာပန်းရနံ့သည် မည်သည်အရပ်ဆီမှသင်းပျံ့လာပါသနည်း။
ထည်ဝါသည် အစောခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာသည်။
"အိမ်နောက်ဖေး စျေးဆိုင်တည် " ဆိုသည့်စကားအတိုင်း စောလုကာသည် အိမ်၏အနောက်ဘက်ရှိ မြေရိုင်း ၊ မြက်ရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ သီးပင်စားပင်များစိုက်လို့ထားသည်။ထိုနေရာလေးရှိ လမ်းကွေ့လမ်းချိုးလေးများသည် တောစပ်အတွင်းသို့ဝင်ရောက်ရာလမ်းလေးဖြစ်နေပြန်သည်။
တောစပ်နေရာများတွင် ဝါးရုံပင်အမြောက်အများပေါက်ရောက်နေပြီး မျှစ်ချိုးဖို့နေရာကောင်းကောင်းလည်းဖြစ်သည်။
အချို့က မျှစ်ချိုးကြသည် ။
ထိုနည်းတူစွာ တို့စရာဖြစ်သည့် တောက်တာဥတို့ ဖလံတောင်ဝှေး တို့ကိုလည်း လိုသလောက်ရှာလို့ရသေးသည်။

လမ်းလေးအတိုင်းသူတို့နှစ်ယောက်လျှောက်လာကြတာ တောစပ်အတွင်းကိုတောင်ရောက်လာပြီ။
လူသွားလမ်းလေးဖြစ်နေသည်မို့ ခြေခင်းလက်ခင်းများကိုစိတ်ပူစရာတော့မလို။
အစောက ရှေ့မှဦးဆောင် ခေါ်နေသည်ကြောင့် ထည်ဝါမငြီးမငြူလိုက်နေမိ၏။

တောစပ်လေး၏ဘယ်ဘက်သို့ ခပ်လှမ်းလှမ်းလျှောက်ပြီးချိန်တွင် ကြီးမားသည့်ရေကန်ကျယ်ကြီးတစ်ကန်ရှိနေ၏။
ထိုကန်ကြီးသည် သပြေတန်းရွာ၏အလှတရားတစ်ခုဖြစ်သည် ကြာငါးပါးကန်ဖြစ်
သည်။
ရေကန်ကြီးကို ခန့်မှန်းရမည်ဆိုရင် အနည်းဆုံး ၃ဧကကျော်ကျော်လောက်ရှိမည်။ထိုကန်ကြီးဆီသို့လာရာလမ်းများသည်လည်းအသွယ်သွယ်ရှိသည်။

ကန်ရေပြင်သည် ငြိမ်သက်နေကာ ကန်အတွင်းရှိ ကြာပန်းများ ၊ ကြာခွက်များက အလှတရားကို ဖော်ပြနေသလိုပင်။
ကြာဖြူ၊ ကြာနီ၊ ကြာပြာ၊ ကြာညို နှင့် ပဒုမ္မာကြာပန်းတို့သည်လည်း ကန်ရေပြင်ထဲရောစပ်ကာ ပေါက်ရောက်နေပြီး အဝါရောင်လိပ်ပြာလေးများ ၊ ပုဇင်းနီနီကောင်လေးများသည် ဟိုဒီပျံစဲနေကြသည်။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now