(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)
Unicode
၆လခန့်ကြာပြီးနောက်....
ဘုတ်...!!
လယ်ထဲကပြန်အလာ စောလုကာသည် စပါးအိတ်အလွတ်များကို ခြံထဲရှိထောင့်နေရာတွင်ပစ်ချလိုက်တယ်။
နေကလည်းပူပူ ရာသီဥတုကလည်းအိုက်စပ်နေသည့်ကြောင့်ဖြူအုအုမျက်နှာထက်တွင် ချွေးသီးချွေးပေါက်များကစိမ့်ထွက်နေတယ်။
ခါးပုံစထွက်အောင်ဝတ်ထားသည့် ပုဆိုးတိုတိုကိုဖြေချကာ မျက်နှာထက်မှ ချွေးစများကိုဖြစ်သလို သုတ်လိုက်တယ်။
ထိုနောက်...အိမ်ပေါ်ကိုမျှော်ကြည့်တော့ တိတ်ဆိတ်နေသည်။အိမ်အောက်ပိုင်းကိုကြည့်တော့ အနန်းက ဘုရားစျေးတုန်းကဝယ်ပေးထားတဲ့ အိုးပုတ်လေးတွေနဲ့ ထမင်း၊ဟင်းချက်တိုင်းကစားနေတယ်။
" အနန်း.."
" ဝေ့...!!"
" နင့်အမ မီမီကော ပြီးတော့ ကိုလေးကိုလည်းမတွေ့ပါလား..!"
" အမမီမီက အမညမွှေးတို့လာခေါ်လို့လိုက်သွားတယ် ၊ ကိုလေးက အပေါ်မယ်ရှိတယ်.."
အနန်းကစကားကိုတိုတိုတုတ်တုတ်သာပြောပြီး သူ့အာရုံများကကစားဖို့အတွက်သာရှိသည်။
" အမလေးဗျ..!!"
မျက်နှာအရှေ့သို့လှစ်ခနဲရောက်လာသည့် သောက်ရေခွက်ကြောင့် အစောအော်မိသည်အထိ။
ကြည့်လိုက်တော့ အိမ်ပေါ်မှဆောင့်ကြောင့်ထိုင်ကာ ကိုလေးကပြုံးပြနေတယ်။လက်ထဲတွင်လည်း သောက်ရေခွက်ကြီးကိုကိုင်ထားသည်။" အပြင်ကပြန်လာတာမောနေရောပေါ့ သောက်လိုက်...ကိုလေးရဲ့မေတ္တာတွေ၁၀၀%
အပြည့်ထည့်ထားတယ်.."ကိုလေးကဒီလိုမျိုးလည်း တီတီတာတာတွေပြောတတ်ပါသေးသည်။
အခုဆိုရင် ကျုပ်ကိုလည်း မိသားဖသားပီပီလူကြီးမိဘစုံလင်စွာတောင်းရမ်းလက်ထပ်ယူထားတာ ၆လတောင်ပြည့်ပြီ။
အရာရာကိုအကြီးပီပီသည်းခံခွင့်လွှတ်ပေးပြီး ကျုပ်အပေါ်ကိုလည်းအနွံနာခံပေးတတ်သည်။
ကျုပ်ဆိုးသမျှ ၊ ရစ်သမျှ ၊ ကောက်သမျှကိုလည်း စိတ်ရှည်ရှည်ချော့မော့တတ်သေးတာကြောင့် စောလုကာဆိုတဲ့အရိုင်းဆန်ဆန်ပန်းတစ်ပွင့်က ဒီလူသားအပေါ်ကြွေဆင်းမြေခရပြန်သည်။
YOU ARE READING
ညီလေးတို့ ရွာ..(Completed)
Romanceထုံကြိုင်လွန်းလှ စံပယ်ပန်းကို ကိုလေး မကြိုက်~~ ဖျက်ဆီးတတ်သော်လည်း.. မြတ်နိုးသူကား~~ ချစ်မြတ်နိုး ၏။ #ကိုလေး..။