အပိုင်း(၁၂)

1.6K 127 1
                                    

Unicode

အကြော်ထုပ်ကိုလက်ကဆွဲပြီး အစော မြန်မြန်ပြန်လာခဲ့မိသည်။
မနက်စောစောမို့ လယ်ထဲဆင်းကြသူများနှင့် ယာစိုက်ခင်းထဲဝင်ကြသူများမှာ အလျှိုလျှို။
အကြော်ထုပ်ကိုလက်ကဆွဲပြီး ဒေါင်းတီမောင်းတီလျှောက်လာသော အစောကို လမ်းသွားလမ်းလာများက ကွက်ကြည့်ကွက်ကြည့်။
မတတ်နိုင်။...မိန်းကလေးတွေဝတ်နေကျကရင်သင်တိုင်းသည် ခြေမျက်စိဖုံးထိလုလုရှည်လျားပေမယ့် အစော ဝတ်လိုက်တဲ့အခါမှာတော့ ခြေသလုံးနားအထိပဲရှိတာကြောင်​့ လမ်းလျှောက်ရသည်မှာအဆင်မပြေ။
အဲ့ဒါကြောင့် ကိုယ်အဆင်ပြေသလိုသာ ပုံမှန်အတိုင်းလျှောက်မိ၏။

ခြံထဲဝင်မို့လုပ်ချိန်တွင် အိမ်ရှေ့အိမ်က မမြမေရဲ့ပြောစကားကြောင့်အစော၏ခေါင်းတည့်တည့်ကိုမိုးကြိုး ၂၀လောက်ပစ်ချလိုက်သလိုပင်။

"ဟဲ့...အစောရေ နင်ဝတ်ထားတဲ့သင်တိုင်းမှာပေနေတယ်.."

"ဟမ်..!! ဘာပြောလိုက်တယ်မမြမေ ကျုပ်...ကျုပ်မှာဘာပေနေလို့လဲ အိုးမဲပေနေတာလား..မှန်းစမ်း...ကျုပ်ကြည့်ပါဦးမယ်.."

မမြမေရဲ့အထိတ်တလန့် စကားကိုကြားပြီး ခေါင်းကိုမမြင်မစမ်းဖြင့် သင်တိုင်းအနောက်ကိုကြည့်မိသည်။
သူထင်သလို အိုးမဲပေနေသည်မဟုတ်ပဲ အနီရောင်အရည်အချို့သည် သင်တိုင်း၏အနောက်တွင် အကွက်လိုက်ကြီးဖြစ်နေ၏။
ဘုရား...ဘုရား...မဟုတ်မှ မိန်းကလေးလိုနေနေရင်း ငါမိန်းကလေးများဖြစ်သွားတာလား???

*အမိုးနဲ့ အဘရေ....ကျုပ်အဖြစ်ကိုလာကြည့်ပါဦး...ကျုပ်မိန်းကလေးမဖြစ်ချင်ဘူး....ပြီးတော့မိန်းကလေးလိုမနေချင်ဘူး*

စိတ်ထဲကနေငိုနေပေမယ့် မမြမေကို မဟုတ်လောက်ပါဘူးဗျာ လို့သာဘူးခံငြင်းခဲ့၏။
ထိုနောက် အိမ်ထဲသို့အကြော်ထုပ်ကိုကိုင်ကာ အပြေးတပိုင်းဝင်လာခဲ့တယ်။
အိမ်ထဲတွင် လောလောဆယ် ဘယ်သူမှနိုးမလာကြသေးဘူးထင်ပါ့။
အစောသည် ရေအိမ်(အိမ်သာ) ထဲသို့အလောတကြီးဝင်မိ၏။

အခုမှပဲအိမ်သာထဲကထွက်လာပြီး သူ့မှာသက်ပျင်းချနိုင်တယ်။
တော်သေးတာပေါ့ ကျုပ်ရဲ့မွေးရာပါညီလေးက အမိုးမွေးထားတဲ့အတိုင်းရှိသေးလို့သာပေါ့။
သင်တိုင်းမှာ ပေနေသောအနီဏောင်အကွက်ကြီးသည် အချည်ရည်များဖြစ်နေသည်ကြောင့်သာ သူ့မှာသက်ပျင်းချနိုင်လေပြီ။
ဟူးးးးးးး ငါကလည်း ဖြစ်လိုက်ရင်အဆန်းတွေကြီးပဲ။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now