အပိုင်း(၃၄)

1K 56 0
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

ဒီနေ့သည် သက်ကြီးပူဇော်ပွဲရန်ပုံငွေအလှူခံမည်နေ့ဖြစ်၏။သပြေတန်းရွာ၏အနောက်ဘက် ဘုန်းကြီးကျောင်းတည်ရှိရာတွင် ဘုရားပွဲနှင့် သက်ကြီးပူဇော်ပွဲရန်ပုံငွေအတွက် စင်မြင့်အကြီးကြီးထိုးထားသည်။ဒီနေ့က အထူးနေ့မို့ ရွာထဲရှိ လယ်၊ ယာ ၊ ကိုင်းလုပ်သူများ အလုပ်ခွင်သို့မသွားကြချေ။
ထို့ပြင်.... ရွာနီးစပ်မှလူတွေလည်း လာရောက်ကြသည်ကြောင့်လူစည်ကားသည်။

သက်ကြီးပူဇော်ပွဲနှင့်..
                 ရန်ပုံငွေအလှူခံပွဲ..

ပဲခူးတိုင်း                                     ကပြိုမြို့

ဖော့အလှစလုံးလေးတွေဖြင့်သီကုံးထားသည့် စင်မြင့်ကို ညမွှေးတို့သဘောတကျ ရပ်ကြည့်နေကြသည်။
ကြူဖျာများခင်းကျင်းထားပြီးဇာတ်ပွဲအလား သူတို့ရဲ့ကြိုးပမ်းမှုကအရာထင်နေလေပြီ။
ဒီနေ့ကိုရောက်ဖို့အတွက် ဂယက်ပေါင်းသောင်းခြောက်ထောင်ကိုကျော်ဖြတ်လာရပြီး အခုတော့ သူတို့ရဲ့ကြိုးပမ်းမှုသည် ဒီနေ့ဒီအချိန်ကိုရောက်လို့လာပြီ။

ပင်နီလုံချည်အကွက်ဆန်းဆန်းကို အစောရယ် ၊ မိုးညိုရယ် ၊ ဆရာမလေးစေးဝါးဖောရယ်က ပနံသင့်စွာဝတ်ဆင်ထားသည်။
မိုးညိုတစ်ယောက်သာ ဆံပင်အတုတပ်ဆင်ထားပြီး သုံးယောက်ထဲတွင် ကွက်မဲနေသည်။သူက အသားညိုသည်ကိုး။

ထည်ဝါရယ် ၊ ညီညီရယ် ၊ မီမီရယ်က ရှပ်လက်ရှည်ကိုတံတောင်ဆစ်အထိခေါက်တင်ထားကာ ဘောင်းဘီခြေရှည်နဲ့ဖြစ်သည်။
ဆံပင်တို့ကို ကော့နေအောင်ဆီဖြင့်သုပ်လိမ်းထားပြီးနေကာမျက်မှန်ကိုလည်းတပ်ဆင်ထားသေးသည်။

မနက်ခင်း၉နာရီစွန်းစွန်းလောက်ရှိနေပြီမို့ လာရောက်ကြည့်ရှူ့သူတွေလည်း တစ်စတစ်စများပြားလို့လာသည်။ပထမဦးစွာ ဘကြီးစိုးကအဖွင့်အမှာစကားပြောကြားသည်။
ထိုနောက်.... ဘကြီးစိုးအဖွင့်စကားပြောပြီးတော့ ကိုမြဒင်က ကျေးဇူးတင်ကြောင်းနှင့် အကအလှများကို ကြောညာပေးသည်။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now