အပိုင်း(၃၆)

1.3K 67 2
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

တုန်ရီနေသော ခြေလှမ်းများသည် သလွန်းထက်လှဲလျောင်းနေသော အသက်မရှိတော့သည့် အရိုးစုဆီသို့ဖြစ်သည်။
ပေါက်ပြဲနေပြီဖြစ်သည့် ဝါညစ်ညစ်ချည်ကြမ်းဝတ်စုံကိုကြည့်ခြင်းဖြင့် ဒီအရိုးစုဒီနေရာမှာလှဲလျောင်းနေသည်မှာ ရာစုနှစ်ပေါင်းများစွာရှိလောက်မည်။သို့ပေမယ့် ထည်ဝါတွေးနေရသည်က ဒီလိုလူသူအရောက်အပေါက်မရှိသည့် တောနက်တစ်နေရာတွင် ဒီလူဟာဘာကြောင့်တစ်ယောက်တည်းလာနေရပါသလဲ။ပတ်ဝန်းကျင်တစ်ခုလုံးကလည်း နတ်ပြည်အလားလှပလွန်းနေသည်ကြောင့် ဒီနေရာဟာသာမန်လူသားတွေရောက်ရန်လွန်စွာခက်ခဲလှပေသည်။
ကျောက်ဂူအရှေ့မှာ တွေ့ခဲ့သော လှပလွန်းသည့်မိန်းမပျိုကကော ဘယ်သူလဲ???

သူ့အထင်တော့ ငွေမောင်းကိုင်ထားသည့်အဖိုးနှင့် တစ်နည်းနည်းတော့ပတ်သတ်မှုရှိလိမ့်မယ်။

"အဖိုးဝါစိတ္တများလား " ဟု တီးတိုးရွတ်ဆိုသည့် မိန်းမပျိုသည်အစောင့်အရှောက်တွေထဲကပဲဖြစ်လိမ့်မယ်။ဒီလိုထူးဆန်းသည့်အဖြစ်ကို ထည်ဝါတစ်သက်မေ့မည်မထင်။
အရိုးစုသည် ငြိမ်သက်ကာလှဲလျောင်းနေဆဲပင်။
ထည်ဝါ၏အကြည့်တွေကို ပတ်ဝန်းကျင်ကိုတစ်ဖန်ပြန်ပို့လိုက်တယ်။
သလွန်း၏ ခြေရင်းဘက်တွင် ရွှေမှုန်များနှင့်အရောင်ထွက်နေသည်။
သိချင်စိတ်ကြောင့် ထိုအရာဆီသို့ထည်ဝါလျှောက်သွားမိသည်။
မြေပြင်တွင် အစုလိုက် ၊ အစုလိုက်ပေါက်နေသော ဂမုန်းပင်များသည် ရွှေမှုန်ရွှေစများဖြင့်လင်းလက်နေသည်။
ဒါဟာ...အဖိုးပြောတဲ့ ရှင်သူငယ်ဂမုန်းပင်ပဲဖြစ်လိမ့်မယ်။

ထိုဂမုန်းပင်သည် ဗုဒ္ဓံသရဏံပင်နှင့်ခပ်ဆင်ဆင်တူသည်။အရွက်၏ပုံသဏ္ဍာန်မှာ ဗျက်ကျယ်ပြီး ဘဲဥသဏ္ဍာန်ရှည်မျောမျောပုံဖြစ်သည်။အရွက်များတွင်အဝါစင်းများ ရွက်ရိုးရွက်ကျော များအတိုင်းပါရှိသည်။
ငှက်ပျောပင်ကဲ့သို့အပင်များပွားသည်။

ထည်ဝါသည် အနားသို့တိုးကပ်ကာသွားလိုက်တယ်။.ဖြာကျနေသည့် နေရောင်ခြည်စူးစူးသည် အပင်၏အရွက်များသို့ဖြာကျနေခြင်း​ကြောင့် အရောင်များလက်နေခြင်းဖြစ်သည်။
အရွက်၏အပေါ်ပိုင်းတွင် နှင်းစက်များကျနေသလို ရေစက်လေးများခိုတွဲနေသည်။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now