အပိုင်း(၃)

3K 200 14
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ ဇာတ်ကွက်များသည် စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

အချိန်ကြာသည်အထိလှည်းစီးရတာကြောင့် ထည်ဝါစိတ်မရှည်လှတော့။
လမ်းကလည်းရွှံတွေ၊ ချိုင့်ခွက်တွေနဲ့မို့ လှည်းစီးရတာ စကောထဲဇီးဖြူသီးလှိမ့်နေသည့်နှယ်။ကြာလာတော့ မူးသလိုသလို၊အန်ချင်သလိုလိုနဲ့ဖြစ်လာတယ်။
ထို့ကြောင့်အရှေ့ကလှည်းမောင်းနေတဲ့လူအပေါ်သူ့၏ဒေါသတွေကိုပုံချသည်။

" ဟျောင့်.. မရောက်သေးဘူးလား...မင်းလှည်းစီးရတာလဲ 'ကိုရဲကို မမိုးပြောသလို' ဖင်စိမ်မရှိလိုက်တာ..!"

" ဗျာ...ဟို..ဟို မကြာတော့ပါဘူးကိုလေးရဲ...ခဏလောက်ပဲသည်းခံပေးပါနော် ကျုပ်လည်းနွားတွေကိုရုန်းခိုင်းနေတာပဲ လမ်းမကောင်းတော့ထိန်းမောင်းနေရလို့ခရီးကကြန့်ကြာနေတာပါ..."

"ကိုကို.. နင်ဟာလေ သိပ်ကိုဇီဇာကြောင်တာပဲ ဖင်စိမ်ရှိရအောင်နောက်ဆုံးပေါ် စိမ်ခံကားစီးနေတာမှမဟုတ်တာ..လှည်းစီးနေရတာဟ မိန်းကလေးဖြစ်တဲ့ငါငြီးဖို့လည်းထားပါဦး.."

မီမီသည် ကိုကို့ကိုအမြင်ကပ်ကပ်ဖြင့် မျက်စောင်းဝင့်ကာဆိုလိုက်တယ်။
သူများရွာလာပြီး ဇိုးလိုလို၊ ဖိုက်တာလိုလိုနဲ့ ဟိုကအကောင်အကြီးကြီးလှည်းပေါ်ကကန်ချခံရမှ ဟုတ်ပေဖြစ်နေမယ်..။
ပင်ပန်းတာခြင်းအတူတူက သူကပိုငြီးပြနေတယ်။

သူစိမ်းရှေ့တွင် ကိုယ့်ညီမလေးကအခုလိုကြီးထဟောက်တော့ ထည်ဝါရှူးရှူးရှားရှားဖြစ်သွားတယ်။
သူဒါလေးပဲပြောလိုက်တာကို အရှေ့ကလှည်းမောင်းနေတဲ့ကောင်က တုန်တုန်ချိချိနဲ့။
တကယ်ပါ...မြင်ရ၊တွေ့ရတာ တကယ်ကိုဘဝင်မကျဘူး။
ခဏကြာတော့လမ်းအချို့အကွေ့နားရောက်၏။
လမ်းဘေးတွင်မြက်ရိတ်နေကြသော လူအချို့က လှည်းမောင်းနေတဲ့ကောင်လေးကိုလှမ်းနှုတ်ဆတ်သည်။
အချို့ကဗမာစကားဖြင့်ဆိုသည်။အချို့ကျ သူတို့ဘာသာစကားဖြင့်ဆိုနေတာကြောင့် ထည်ဝါတို့နားမလည်နိုင်။

"လုကာ...ဧည်သည်တွေရောက်ပြီလားဝေ့.."

"အေးဟေ့...ငါခေါ်လာပြီ တို့ရွာကိုစာသင်ပေးမယ့်ကိုလေးနဲ့မမက မချောဘူးလားဝေ့.."

ညီလေးတို့ ရွာ..(Completed)Tahanan ng mga kuwento. Tumuklas ngayon