(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။ )
Unicode
မအိပ်ဘူးဟု ရည်ရွယ်ထားပေမယ့် ဘယ်လိုကဘယ်လိုအိပ်ပျော်သွားမှန်းမသိ ကြက်တွန်သံကြောင့်လန့်နိုးလာတော့ဖြင့်မနက်၄နာရီအတိထိုးနေပြီ။
ဘုရားခန်းဘက်ကို အလောတကြီးသွားကြည့်မိတော့ အဖိုးအိုသည် တရားထိုင်နေဆဲဖစ်သည်။
သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းရှိုက်ချပြီး အိမ်အနောက်ဘက်တွင်မျက်နှာဆင်းသစ်ကာ ခရီးထွက်ဖို့ လိုအပ်တာတွေကိုလျှောက်လုပ်နေမိသည်။
အားလုံးလည်းနိုးနေကြပြီမို့ ဘာစကားမှတော့ထွေထွေထူးထူးမပြောကြပါ။မနက်၅နာရီခွဲလောက်ဖြစ်သည်။မေ့မျောနေကြသည့် အစောတို့နားထိုင်နေခိုက် အဖိုးအိုရောက်လာသည်။
လက်ထဲတွင်လည်း ပုတီးကုံးတစ်ခုကိုကိုင်ပြီး စိပ်နေ၏။" သွားဖို့အချိန်တန်နေပြီ လူလေး.."
" ဟုတ်ကဲ့ အဖို...ကျွန်တော်လည်းအဆင်သင့်ဖြစ်နေပါပြီ.."
" အဖိုးသေချာမှာမယ် ဟိုရောက်ရင်ကိုယ့်လာရင်းကိစ္စကလွှဲရင် ကျန်တဲ့ဘယ်အရာကိုမှစိတ်မဝင်စားပါနဲ့.... ဘာတန်ဖိုးကြီးပစ္စည်းပေးပေး ကိုယ်လိုအပ်တဲ့အရာမဟုတ်ရင်မယူပါနဲ့.."
" ဟုတ်ကဲ့ အဖိုး.."
ရှင်သူငယ်ဂမုန်းပင်က ငွေရည်ဖွဲ့တဲ့ရေစင်ကို ဒီပုလင်းလေးထဲထည့်လာခဲ့.. မမေ့မလျှော့စေနဲ့ .."
လက်သန်းလောက်ရှိသည့် ဖန်ပုလင်းအသေးလေးကိုကမ်းပေးတာကြောင့် တရိုတသေယူလိုက်သည်။
" နွယ်လိမ်လက်စွပ်ကို ယူလာခဲ့ပါ...ပြီးရင် ပိုင်ဆိုင်ရာကို ကောင်းစွာပြုပြင်ပေးလိုက်ပါ.."
"......"
" ကဲ...အချိန်ကျပြီ အဖိုးနောက်ကိုလိုက်ခဲ့...လမ်းခရီးရဲ့တစ်ဝက်ကျိုးကျိုးလောက်ကို အဖိုးလိုက်ခဲ့ပေးပါ့မယ်...ကျန်တဲ့အပိုင်းကတော့ လူလေးရဲ့တာဝန်ဖြစ်သွားပြီ သတိတစ်ခုထားရမှာက ဒီသပြေတန်းရွာကို မနက်၈နာရီမထိုးခင်အရောက်ပြန်လာခဲ့ပါ.."
" ကျွန်တော် မှတ်ထားပါ့မယ် အဖိုး.."
" သွား...မြတ်စွာဘုရားကိုအရင်ကန်တော့ခဲ့ချေ ပြီးရင် ဘာပစ္စည်းတစ်ခုမှသယ်မလာပဲ လူတစ်ကိုယ်ထဲသာလိုက်ခဲ့ပါလေ.."
YOU ARE READING
ညီလေးတို့ ရွာ..(Completed)
Romanceထုံကြိုင်လွန်းလှ စံပယ်ပန်းကို ကိုလေး မကြိုက်~~ ဖျက်ဆီးတတ်သော်လည်း.. မြတ်နိုးသူကား~~ ချစ်မြတ်နိုး ၏။ #ကိုလေး..။