အပိုင်း(၂၅)

1.4K 78 2
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

မနက်စာတောင်ကောင်းကောင်းမစားပါပဲ ညီညီထည်ဝါပြည့်စုံထွန်းသည် ရှိုးစမိုးအပြည့်ဖြင့်မနက်စောစော ရွာထဲလှည့်ထွက်ခဲ့၏။အပြင်ထွက်ချင်တာထက် အရက်သမားကိုမိုးညိုကို တွေ့ချင်တာဖြစ်သည်။
မနက်စောစော အိမ်ရှိပါရက်နဲ့ စိန်ပန်းပင်အောက်အမြဲအိပ်နေတတ်သော ကိုမိုးညိုကိုတွေ့ချင်သည်။မြင်ချင်သည်။
ပြီးတော့ မေတ္တာမျှမိနေလေပြီ။သို့ပေမယ့် ညီညီဖွင်မြပြောရဲပါ ဘာလို့ဆို မိုးညို၏လက်သီးသည် အားပြင်းလွန်းလှ၏။

အရှေ့ပိုင်းနှင့်မြောက်ပိုင်းလမ်းကြား လမ်းညွှန်ဆိုင်းဘုတ်တည်ရှိရာ စိန်ပန်းပင်ကြီးအောက်တွင် ထုံးစံအတိုင်းပက်လက်လှန်၏နှာဖူးပေါ်လက်တင်ကာ ပင်စည်ကိုခေါင်းဦး၍ ကိုမိုးညိုအိပ်နေသည်။
ညီညီသည် တွေ့ချင်နေသည့် မျက်နှာလေးကိုမြင်လိုက်ရသည်မို့ ပြုံးမိသည်။
ထိုနောက်...အနားသို့ခြေလှမ်းဖွဖွဖြင့်တိုးကပ်သွားကာ...။

" ညို...သားရောက်နေပြီ ထပါဦး.. "

လေထုအတွင်းတွင်ရောစပ်ကာသင်းပျံ့လာသော တန်ဖိုးကြီး စတော်ဘယ်ရီရနံ့ရေမွှေးကြောင့် ဟိုမြို့က ကောင်လေးမှန်း မိုးညိုအတတ်သိသည်။
ကျစ်! !! စိတ်ရှုပ်လိုက်တာ ဒီရက်ပိုင်း သူရှိရာနေရာများ၊ သူသွားရာနေရာများကို ထိုကောင်လေးတကောက်ကောက်လိုက်တတ်သည်။
လူကြည့်တော့ ဆင်ခန္ဓာကိုယ်လောက်ဖြင့် စကားပြောရင် "သား သား" ဖြင့် စိတ်ရှုပ်ဖို့ကောင်းလွန်းသည်။

" ညို...သားခေါ်နေတယ်လေ ထပါဦးဗျ.."

ကျစ်..

" ဘာဖြစ်နေတာလဲ... ဘာတွေလာပြီးဇယားရှုတ်နေတာလဲ.."

စိတ်မရှည်မှုအပေါင်းသောင်းခြောက်ထောင်ဖြင့် မိုးညို အသံမာမာဖြင့်ငေါက်ငမ်းလိုက်သည်ကြောင့် ညီညီထည်ဝါပြည့်စုံထွန်း ဝမ်းနည်းလာသည်။
ကိုမိုးညိုသည် ညီညီကိုဆို အမြဲအပြစ်တင်နေ၏။
အကောင်းမြင်စိတ်ကလေးနည်းနည်းဖြင့် လူကိုကြည့်လိုက်ပါတော့လား ဒီလောက်ချစ်ဖို့ကောင်းတဲ့ဟာကို။
နိုင်ငံခြားပြန်ကြီးသည် အရက်သမားကိုမိုးညို နဲ့မှ ဝမ်းနည်းတတ်လာသည်။

ညီလေးတို့ ရွာ..(Completed)On viuen les histories. Descobreix ara