အပိုင်း(၁၆)

1.5K 105 3
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

! ဒုတ်..ဒုတ်..ဒုတ်.!

ထမင်းစားသောက်ပြီး ကြိမ်ကုလားထိုင်တပါ်တွင်ခဏထိုင်နေရင်း ထည်ဝါမှေးခနဲအိပ်ပျော်သွားသည်။
ဖျက်ခနဲဆိုသလို နားထဲသို့တိုးဝင်လာသော'တဒုတ်ဒုတ်' အသံကြောင့်လူဟာဆတ်ခနဲဖြစ်သွားသည်။
ကြိမ်စက်နေတဲ့ မျက်လုံးတစ်စုံကိုအားယူဖွင့်ကြည့်တော့ ချွေးတရွှဲရွှဲနှင့်သစ်တုံးများကို ပုဆိန်ဖြင့်ပေါက်နေသော အစော။

ထည်ဝါလည်းထသွားပြီး အနားမှာသွားရပ်လိုက့ယ်တယ်။
သူလာတာကိုမြင်တော့ ပုစိန်ကိုလေပေါ်မြှောက်နေသော စောလုကာ၏လက်များရပ်တန့်သွား၏။

" ဘာလုပ်နေတာလဲ..!!"

အနားသို့လာပြီးမေးနေတဲ့သူ့ကို အစောဂရုမစိုက်ပဲ လုပ်စရာရှိတာကိုသာအာရုံစိုက်သည်။ထိုနောက်...ကိုလေးကိုမကြည့်ပါပဲ ထင်းပေါက်နေရင်းမှ..။

" အိမ်မှာထင်းမရှိတော့ဘူး အဲ့ဒါကြောင့် ထင်းပေါက်နေတာ.."

ဒုတ် ..

" ကိုမြဒင်ကိုခိုင်သလို့မရဘူးလား.."?

စိတ်ပျက်သလိုမေးလာသည်ကြောင့် အစောပုဆိန်ကိုချကာ..။

" ကိုမြဒင်မအားဘူး ၊ ရွာမှာကွန်ကရစ်လမ်းခင်းမယ့်စီမံကိန်းအတွက် ဟိုဘက်ရွာကို ဘကြီးစိုးနဲ့အစည်းအဝေးသွားနေရတယ်.."

" မင်းဒီပုံစံနဲ့ ဒီလိုတွေလုပ်နေတာလူမြင်မကောင်းဘူး.."

သင်တိုင်းကြီးဝတ်ပြီး ထင်းပေါက်နေတာလူမြက်မကောင်းဘူး။
သူကတော့ဂရုမစိုက်ပေမယ့် ထည်ဝါကတော့ဒီ ကိစ္စကိုဂရုစိုက်သည်။

" ကျုပ်ရဲ့လက်ရှိပုံစံကိုကြည့်ပြီး အားနွဲ့တဲ့မိန်းမသားလို့ထက်မနေနဲ့ ၊ အမြင်မတော်ဘူးလို့ထင်နေရင် ကိုလေးလာပြီး ထင်းပေါက်ပေး...ရော..ပုဆိန်.."

ပုဆိန်ကိုကမ်းပေးပြီး မေးငေါ့ပြနေသည်ကြောင့် နည်းနည်းလေးတော့အကျပ်ရိုက်သွားသည်။
သူမှ ထင်းမပေါက်တတ်ပဲ။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now