အပိုင်း(၃၀)

1.3K 78 4
                                    

( ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

" ဘယ်လိုလဲ.. အီသွားပြီလား ဖယ်လိုက် ၊ အခုဘယ်လိုက်...နောက်တစ်ချက်ထပ်ပြီးတီးမှာနော်..မီမီထည်ဝါပြည့်စုံထွန်းတဲ့ ဘာမှတ်နေလဲ.. "

လင်ဗန်းကြီးဖြင့်ရွယ်လာသည်ကြောင့် နုရည်သည် လည်ပင်းကို​ညှစ်ထားတဲ့လက်များကိုဖယ်လိုက်တယ်။
ထိုအခါမှ ညမွှေးကရုန်းထပြီး နုရည်၏ဆံပင်များကို ကြက်အမွှေးနုတ်သလိုဆောင့်ဆွဲသည်။

အ့....!!

" အ့...ညမွှေး ဘာ...ဘာလို့ငါ့ဆံပင်ဆွဲတာလဲ...ဖယ်...ဖယ်စမ်း ကောင်မ....!!"

" နင်ကများ ငါ့သူငယ်ချင်းကို စောက်တင်းပြောတယ်ပေါ့ ဟမ်!!! ညမွှေးပန်းအကြောင်းကောင်းကောင်းသိအောင်ပြပေးမယ်...နင့်အစွယ်ကိုချိုးပြမယ် လျှာနှစ်ခွနဲ့မြွေဟောက်မ..!!"

" ဟုတ်ပြီ...ဟုတ်ပြီ...ချချချချ..အားပေးတယ် ချ..!!"

ညမွှေးးအပေါ်တွင်နုရည်ရှိနေစဥ်က လင်ဗန်းဖြင့်ရိုက်ပါပြီး အခု နုရည်က ခံနေရသည့်အချိန်တွင် မီမီထည်ဝါပြည့်စုံထွန်းသည် လင်ဗန်းကိုတဂွမ်ဂွမ်တီးကာ အားပေးနေသည်။ဘေးဘက်ရှိ အောင်အောင်နဲ့ခင်လွှမ်းကလည်း နပန်းလုံးနေကြသည်မှာ ဖုန်များပေရေလို့နေသည်။
ထိုနောက် ရွာထဲမှာလူတစ်ချို့၏ဝိုင်းဆွဲမှုကြောင့် ရန်ပွဲသည်ပြီးဆုံးကာ ရန်ဖြစ်တဲ့သူအားလုံးသူကြီးစိုး၏နေအိမ်သို့သွားရသည်။

"ကဲ....ဒါကဘယ်လိုဖြစ်ရတာလဲ ကိုယ့်ကိုကိုယ်လည်းမိန်းကလေးတွေဆိုတာ သတိရကြသေးရဲ့လား..!"

တန်းလျားတွင် အားလုံးထိုင်နေကြပြီး သူကြီးစိုးကမေးသည်။

" ကျုပ်တို့ကကိုယ်ဘာသာ အကြော်ထိုင်စားနေတာ ဒီကောင်မက ကိုယ်ထမင်းကိုယ်စားပြီးသူများစောက်ကြောင်းကို လျှာရိုးမရှိပြောနေတာ..!"

ခင်လွှမ်းက ဒေါသတကြီးဖြင့်ဆိုသည်။ အောင်အောင်နဲ့ ညမွှေးကပါ ခေါင်းညိတ်ကာထောက်ခံသည်။

" အောင်မာ...ကောင်မ ကိုယ်မျက်ချေးကျကိုယ်မမြင် သူများမျက်ချေးကျ အပစ်တင်...ညည်း..ကျုပ်ကိုအရင်ရေနွေးနဲ့ပက်တာလေ..!"

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now