အပိုင်း(၂၂)

1.4K 92 5
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

ညမွှေးတို့မြောက်ပိုင်းကပြန်အလာ အစောကို ကွက်ကြည့်နေကြသော ရွာထဲကလူအချို့ကြောင့် လူကစိုးထိတ်ရပြန်သည်။
အထင်သေးသလို ကြည့်နေကြသည့်မျက်လုံးများကို လျစ်လျှူရှုပြီး အစောအိမ်ပြန်ခဲ့၏။

လမ်းတစ်လျှောက် ခင်းကျင်းထားသည့် သဲကြမ်းဖြူဖြူများနှင့်ဘေးပတ်ဝန်းကျင်ခြံစည်းရိုးများတွင်စိုက်ပျိုးထားသည့် သောကပန်းများနှင့်ခေါင်ရမ်းပန်းများကသာ သူ့ကိုနားလည်ပါလိမ့််။

မြောက်ပိုင်းသူ/သားတွေရဲ့ အရင်ထဲကအထင်အမြင်သေးတတ်သည့်အကြည့်တွေကို သူရင်ဆိုင်လာခဲ့တာ အခုဆိုအသက်၁၉တောင်ပြည့်တော့မယ်။

အိမ်ကိုပဲအမြန်ပြန်ချင်နေသည်​ကြောင့် ခြေလှမ်းများကိုသွက်မိသည်။
သက်ပျင်းကိုဖြေးဖြေးရှိုက်ချပြီး လက်ဖဝါးမှာထွက်နေသော ချွေးစေးများကို ဝတ်ထားသည့်သင်တိုင်းစဖြင့်ဖိသုတ်မိသည့်အထိ။

စိန်ပန်းပင်အောက်ရှိအရှေ့ပိုင်းသို့ဟု ညွှန့်ပြထားသော ဆိုင်းဘုတ်နားသို့ရောက်သောအခါ ရွာတောင်ပိုင်းမှ ကိုရင်သာပေါ ဖြင့်ဆုံသည်။

" ဟာ..စောလုကာပါလားဝေ့ ဘယ်ကပြန့လာသလဲ..!"

" ကျုပ်ရွာမြောက်ပိုင်းကပြန်လာတာဝေ့...ကိုရင်သာပေါကော ဘယ်တုန်းဗျ.
!"

" လယ်ထဲ ရေဖောက်ချမလို့ဟေ့ ဒါနဲ့ မင်းလယ်ကိုကောသွားကြည့်သေးရဲ့လား ဒီနှစ်စပါးပင်တွေတော့ သန်သလားမမေးနဲ့ဟေ့..."

" အေးဗျာ..ကျုပ်လည်းဒီရက်ပိုင်းလယ်ထဲမရောက်ဖြစ်ဘူး နောက်ရက်မှသေချာလေးသွားကြည့်လိုက်ပါ့မယ်ဗျာ...!"

အစော၏စကားကို ကွမ်းတမြုံ့မြုံ့ဝါးရင်း ကိုရင်သာပေါက ခေါင်းညိမ့်ပြ၏။

" သြော်...ဒါနဲ့ စောလုကာ ငါမင်းကိုမေးရပါဦးမယ် မင်းနဲ့ဟိုမြို့ကဆရာလေးနဲ့က ဘာညာကွိကွဆို ဟုတ်သလား.."

လက်ဟန်ခြေဟန်ဖြင့်ပြောနေသော ကိုရင်သာပေါကိုကြည့်ပြီး အစောခေါင်းကုတ်မိသည်။
ဘာကိုပြောချင်တာလဲမသိပေ။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now