အပိုင်း(၇)

2.5K 154 5
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ ဇာတ်ကွက်များသည် စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

ဘုရား...ဘုရားဘယ်လိုများဖြစ်ကြတာပါလိမ့်။

ဘကြီးစိုးသည် အခန်းရှေ့အသက်မပါသလိုရပ်နေကြသော ထည်ဝါကိုနောက်မှ မေးမြန်းကြည့်ရပါဦးမယ်။
သူလည်းအခုမှ သတိရလာသူမို့ ဘာတွေဖြစ်ပျက်သွားတယ်ဆိုတာ တစ်ခုမှမသိချေ။
ပုဆိုးကိုကျကျနနဝတ်ထားသော သမီးမီမီကလည်း သူ့ကိုသူပြန်ငုံ့ကြည့်ကာ နားမလည်သလို။
အခုထိမေ့မြောနေဆဲဖြစ်သည့် စောလုကာကို ဘကြီးစိုးအသာလှုပ်နိုးသည်။

"လူလေး.,ဝေ့..လူလေး.. "

"မြဒင်...ဘုရားစင်က သောက်တော်ရေချမ်းသွားယူခဲ့စမ်း.."

"ဟုတ်ကဲ့ သူကြီး.. "

ထည်ဝါ မလှုပ်မယှက်ရပ်ကြည့်နေမိသည်။
မယုံနိုင်လွန်းသည့် ရုတ်တရက် ဆန်သည်ဤဖြစ်ရပ်ကြီးကြောင့် လူဟာအခုထိဝိညာဥ်နဲ့ ကိုယိမကပ်သလိုဖြစ်နေသည်။
ကိုမြဒင်က အနားမှခပ်သွက်သွက်ထွက်သွားပြီးခဏကြာတော့ သောက်တော်ရေချမ်းခွက်ကိုယူလာသည်။
ဘကြီးစိုး သည်သောက်တော်ရေချမ်းဖြင့် အစော၏မျက်နှာကိုအနည်းငယ်ပတ်ဖြန်းလိုက်သည်။
ထိုအခါမှ လက်ဖျားလေးတွေလှုပ်ခါလာပြီး သတိရလာတော့တယ်။

"လူလေး...လုကာ အဆင်ပြေရဲ့လားသား.."

"မောင်လေး မင်းအဆင်ပြေရဲ့လား.."

"ဟင်.."

အစော မမမီမီကိုမော့ကြည့်တော့ စိုးရိမ်တကြီးဖြင့်မေးသည်။
နေပါဦး ဒီလူက မမမီမီအသံကြီးနဲ့ မျက်နှာတွေ... ပြောင်းလဲမသွားတဲ့မမမီမီရဲ့မျက်နှာတွေ။
ကိုလေးနဲ့ ချွတ်စွပ်တူတဲ့ မျက်နှာတွေကျပြောင်းလဲမှုမရှိပါပဲ ဆံပင်နှင့်အဝတ်အစားတွေကျဘယ်လိုဖြစ်ရတာလဲ။
ပြီးတော့ ကိုလေး သူ့ကိုမျက်တောင်မခတ်ကြည့်နေသော ကိုလေးအကြည့်တွေ။

အစောကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်မိသည်။
ဟာ....သွားပြီ။
ကျုပ်ဘဝကြီးသွားပါပြီဗျာ။ကျုပ်ဝတ်ထားတဲ့ မိန်းမအဝတ်တွေ။
ဟိုတလောကမှ ဘကြီးစိုးပေးတဲ့မုန့်ဖိုး ၅၀၀နဲ့ ကပြိုစျေးမှာညှပ်လာတဲ့ သူ့ဆံပင်အုပ်အုပ်လေးမှာ အခုတော့...အခုတော့ ပိုးဖယောင်းလိုပျော့ပျောင်းနေတဲ့ဆံပင်အရှည်တွေဖြစ်လို့နေပြီ။
မနက်ကမှ ဝတ်ထားတဲ့ ဝါကြန့်ကြန့်စွပ်ကျယ်လေးနှင့်ဖြူဖျော့နေပြီဖြစ်တဲ့ ကရင်ချည်ကြမ်းပုဆိုးလေးမှာ အခုတော့ ချည်ထိုးအပွင့်အခတ်မြောက်များစွာပါဝင်တဲ့ ကရင်သင်တိုင်းဖြစ်လို့နေပြီ။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now