အပိုင်း(၁၈)

1.5K 105 8
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

" အရက်သမားကိုမိုးညို သားကိုစောင့်ပါဦး.."

အရှေ့မှ ခြေလှမ်းကျဲကျဲများဖြင့်သွားနေသူကို ညီညီဟန့်တားလိုက်၏။
သူ့ရဲ့စကားများကို လျှစ်လျူရှုကာ လှည့်တောင်မကြည့်ချေ။
မိုးရွာထားသည်ကြောင့် စိုကပ်ကပ်ဖြစ်နေသည့် သဲကြမ်းများက သူ့ကိုလှောင်ပြောင် နေသလိုလို။
ရွာထိပ်မှ အကွေ့အကောက်လမ်းကလေးကိုအတော်အတန်လျှောက်မိတော့ သပြေပင် ၊ စိန်ပန်း တွေတန်းကာစုပေါက်နေသော ရွာအဝင်။

ကိုမိုးညို ကွေ့ဝင်သောသော ခြံဝိုင်းကျယ်ကျယ်ကြီးကို ညီညီခြေစုံရပ်ကာငေးမောမိနေ၏။
နှစ်ချို့ ထနောင်းပင်အိုကြီးများ ၊ ကုကိုုင်ပင်ကြီးများ ၊ သရက်ပင်ကြီးများ ၊ မကျည်းပင်ကြီးများ ၊ သခွပ်ပင်ကြီးများဖြင့်ဖုံးလွှမ်းလုနီးနီးဖြစ်နေသည့် သစ်သားအိမ်နှစ်ထပ်ကြီးသည် ထီးထီးကြီးဖြင့်တည်ရှိနေသည်။
ထို့ပြင်...ခြံဝိုင်းဘေးတွင်လည်းစိုက်ပျိုးထားသော စံပယ်ရုံများသည်လည်းမြောက်များစွာပင်။

မိနစ်ပိုင်းလောက်ငေးမောနေမိပြီး အသိဝင်လာသည်ကြောင့် ခြံထဲသို့အပြေးတပိုင်းဝင်ခဲ့သည်။
အိမ်ရှေ့ တန်းလျားတွင်အသင့်ထိုင်နေသော ကိုကိုနဲ့မမ ထို့အတူ ဘေးတွင်မျက်နှာသေဖြင့်ခြေစုံရပ်နေသော အရက်သမားကြီး ကိုမိုးညို။

"ညီငယ်..!!"

"ကိုကို ၊ မမ.."

ဆိုင်းမဆင့်ဘုံမဆင့် ရောက်ချလာသော ညီငယ်ကြောင့် ထည်ဝါအံ့သြရသည်။
သူတို့အော်ခေါ်တော့ ညီငယ်ကအနားသို့ပြေးလာသည်... ထို့ကြောင့် အလိုက်သင့်ပဲဖက်တွယ်ထားလိုက်သည်။

" ညီငယ် နိုင်ငံခြားကအပြီးပြန်လာတာလား.."

" ဟီး ဟီး ဒါပေါ့... ညီငယ် ဟိုမှာမပျော်ဘူး ပြီးတော့ကိုကိုတို့နဲ့ ဒီရွာမှာလာနေတာ.."

" ဟယ် ညီငယ်ရယ် မမတို့ကဒီကိုစာသင်ဖို့ရောက်နေရတာကွဲ့ အိမ်မှာဖေကြီးနဲ့မေကြီးပဲရှိတာ ပြန်ပါလားကွယ်.."

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now