အပိုင်း(၁၀)

1.8K 122 3
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

"ကိုလေးနဲ့မမ ရေချိုးချင်ရင်ချိုးလို့ရပြီ အစောမနက်က ရေစည်ထဲရေဖြည့်ထည့်ထားပြီးပြီ.."

စာသင်ကျောင်းကပြန်လာပြီး အချိန်က၅နာရီကျော်ကျော်လောက်တော့ရှိပြီထင်တယ်။
ကိုလေးတို့လည်း ရေချိုးပြီးနားလို့ရအောင် အစောပြောလိုက်သည်။
သူလည်း ညမွှေးဆီသွားရဦးမယ်မဟုတ်လား..ဒီအချိန်ဆို ကျုပ်နောက်ကျလို့ ညမွှေးစိတ်ကောက်နေလောက်ပြီ။

"ဘယ်သွားမလို့လဲ အစော!"

ကိုလေး မေးသည့်စကားများကို အစော လျစ်လျှူရှုလိုက်တယ်။သူ့ကို ခွန့်တုန့်ပြန်ရင် အစောကိုအပြင်လွှတ်မှာမဟုတ်ဘူး။

"ကိုမြဒင် ကိုလေးတို့လိုအပ်တာလေးတွေ အစောအပြင်သွားတုန်းလုပ်ပေးလိုက်ပါဦး.."

"သြော်...အေးအေး အစော.."

ကိုမြဒင်ကို အကူအညီတောင်းပြီး ဘကြီးစိုးဝယ်ပေးထားသည့် ဖုန်းလေးကိုလက်တစ်ဖက်ကကိုင်ပြီး ကျန်တစ်ဖက်ကတော့
ချည်ကြမ်းဝမ်းဆတ်လေးကိုအသာမကာ ခြံဝိုင်းထဲမှခပ်သွက်သွက်ထွက်ခဲ့၏။
မေးတာကိုပြန်မဖြေတာကြောင့် ပျက်ယွင်းသွားသည့် ကိုလေး၏မျက်နှာကြီးကို သူကြာကြာမကြည့်ရဲဲ။
သဲကြမ်းဖြူဖြူတို့ခင်းကျင်းထားသည့် ရွာလမ်းမကြီးထက်ခြေလှမ်းမှန်မှန်ဖြင့်လျှောက်နေရင်းအတွေးတွေက ဟိုတစ်စဒီတစ်စ။

ကျုပ်ဘက်က ညမွှေးကိုအရင်ချစ်ရေးဆိုခဲ့တာ မဟုတ်ပေမယ့် တွဲလာတဲ့လတွေထဲမှာ မေတ္တာအပြည့်နဲ့တော့ချစ်ခဲ့ပါသည်။သို့ပေမယ့် နှမလေးတစ်ယောက်ထက် သူ့ရဲ့ မေတ္တာတွေသည်မပိုခဲ့။
ဒီအကြောင်းတွေကို ညမွှေးကလွှဲရင် ခင်လွှမ်းနှင့်အောင်အောင်လည်းသိသည်။
ထိုသို့ပြောပြန်ရင်လည်း မိန်းကလေးတစ်ယောက်အနေနှင့်ရှက်သွားမှာမလိုလားသလို ၊ သူငယ်ချင်းဆက်ဆံရေးပြက်တောက်သွားမှာကိုပိုပြီးစိုးရိမ်သည်။

ထိုကြောင့် ညမွှေး ကျုပ်ကိုသူမ၏ ခံစားချက်များကို ဖွင့်ပြောတုန်းက ယောကျာ်းကြီးတန်မယ့် စဥ်းစားမယ်.. အချိန်ပေးပါဦးလို့ သူ့မှာအချိန်ဆွဲခဲ့ရသေးသည်။
သို့ပေမယ့် ခေါင်းမာလွန်းလှသည့် ညမွှေးသည် နေ့တိုင်းသူရှိရာ လယ်ထဲသို့အမြဲလာပြီး အဖြေလာလာတောင်းသည်ကြောင့် နားငြီးသက်သာအောင် လက်ခံခဲ့တာ ဟော...အခုဆိုကြည့်ပါလား သူတို့နှစ်ယောက်တွဲနေတာ ၇လတောင်ကျော်နေပြီ။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now