အပိုင်း(၅)

2.6K 174 7
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ ဇာတ်ကွက်များသည် စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

မနက်ပေမယ့် နေရောင်ခြည်စူးစူးက သပြေတန်းရွာအတွင်းသို့ဖြာကာထိုးကျနေသည်။
ရွာထဲတွင်လည်း ကျေးငှက်အော်သံတို့ ခွေးဟောင်သံတို့မှလွဲ၍ တခြားမည်သည့်အသံမှမကြားရပေ။
မကြားရဆို တစ်ရွာလုံး မြဒင်၏ဆော်သြသံကြောင့် မနက်၉နာရီ သူကြီးစိုး၏နေအိမ်သို့ရောက်နေကြပြီ။
သို့ပေမယ့် တစ်ရွာတည်းကိုမှ တောင်နှင့်မြောက်ကွဲနေကြသည့်အပြင် အချင်းချင်းမတည့်ကြတော့ တစ်ရွာလုံးအုပ်ချုပ်နေရတဲ့ ဟောဒီက သူကြီးအဘိုးကြီးက ခေါင်းမွှေးဖြူနေရပြီ။

သို့ပေမယ့်  သူကြီး၏အမိန့်ဆိုမလွန်ဆန်ရဲကြသည်မို့ မြောက်ပိုင်းနေ ရွာသူ/သားအချို့သည် အလျှိုအလျှိုဖြင့် သူ့ကြီး၏အိမ်ကိုလာကြသည်။
ခြံဝိုင်းထဲရောက်တော့ တန်းလျားတွင် သူကြီး နှင့်အတူ မြို့ကလာဟန်တူသော ဧည့်သည်နှစ်ယောက်ကိုပါတွေ့တယ်။ ထိုဧည့်သည်ကောင်လေးနဲ့ကောင်မလေးသည် ရုပ်ချင်းတူကြသည်မို့မောင်နှမတွေဖြစ်ကြမည်ဟု ရွာသူ/သားများ မှတ်ချက်ချကြ၏။

"ကဲ...ကဲ...စကားပြောတာလေးတွေခဏရပ်ကြမယ်...ပြီးတော့ အားလုံးသိအောင်မိတ်ဆတ်ပေးစရာရှိတယ်.."

သူကြီး၏အသံအဆုံး၌ ခုနက တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသော ဗမာလိုရော..ကရင်လိုရော အသံပေါင်းစုံဟာ "တိ " ခနဲတိတ်သွားသည်။
ထိုနောက် သူကြီးပြောမည့်စကားကိုသာ စိတ်ဝင်တစားနားထောင်နေကြ၏။

"ဒါက မြို့ကနေရောက်လာကြတဲ့ ငါရဲ့တူနဲ့တူမ...တူလေးနာမည်က ကိုကိုထည်ဝါပြည့်စုံထွန်း လို့ခေါ်တယ် ဒီဘက်ကတော့ သူ့ရဲ့အမွှာညီမလေး မီမီထည်ဝါပြည့်စုံထွန်း... "

"ဟုတ်ကဲ့ရှင့် တွေ့ရတာဝမ်းသာပါတယ်.."

လူမှူရေးသိတတ်နားလည်သည့် မီမီကအပြုံးချိုချိုဖြင့် ဆိုနေပေမယ့် ထည်ဝါသည်က မှုန်ကုတ်ကုတ်ဖြင့်...။

"အိုတော်...သူကြီး ရဲ့တူနဲ့တူမရဲ့ နာမည်တွေက ရှည်လိုက်တာတော် ကျုပ်တို့ရေသောက်ပြီးခေါ်မှရမယ်ထင်တယ်..."

ညီလေးတို့ ရွာ..(Completed)Onde as histórias ganham vida. Descobre agora