အပိုင်း(၂၃)

1.4K 83 2
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

မိုးကတဖွဲဖွဲရွာနေ၏။
လေပြေနုနုသည်လည်း ကွင်းပြင်တစ်လျှောက်ပုံမှန်သာတိုက်ခတ်နေသည်။ထို့ပြင်.... ကောက်စိုက်သမအချို့သည် မိုးရေထဲပျော်ရွှင်စွာ ကောက်စိုက်ကာဖြင့် သီချင်းသီဆိုနေကြသည်။
ထိုအထဲတွင် ညမွှေး၊ ခင်လွှမ်းနှင့် အောင်အောင်လည်းပါ၏။

ရွာထဲက ကောက်စိုက်သမများ နှင့်အတူ သီချင်းဆိုလိုက်၊စလိုက် ၊ နောက်လိုက်ဖြင့် ဆူညံနေကြသည်။

ထုံးစံအတိုင်း အစောသည် ချည်ကြမ်းသင်တိုင်းကိုမပြီး လယ်ထဲဆင်းလာ၏။ဒီရက်ပိုင်း လယ်ထဲမရောက်ဖြစ်သေးတာကြောင့် လယ်ကိုတောင်ပစ်ထားသလိုဖြစ်နေ၏။
ဝါးခမောက်ကိုဆောင်းပြီ ညမွှေးတို့ရှိရာဆီသို့သာသွားဖြစ်သည်။

" ညမွှေး...လယ်ထဲဘာလာလုပ်တာလဲ မိုးရွာနေတယ် ပင်ပန်းကပင်ပန်းနဲ့..မလာသင့်ဘူး.."

" ဟဲ ဟဲ ငါနင်ဒီကိုလာမယ်မှန်းသိလို့ကြိုစောင့်နေတာဟ... ငါလာတော့ နင့်လယ်မြန်မြန်အပြီးသတ်တာပေါ့..".

" နင့်အဖေကြီး ငါ့ကိုပြောနေပါဦးမယ်.."

အမှန်ပဲဖြစ်သည်။
ညမွှေးအဖေကြီး ဦးထွန်းလှသည် စောကနဦးပိုင်းထဲက အစောလို ဆင်းရဲသားကို လက်မခံချင်ပေ။
သို့ပေမယ့် ဘကြီးစိုး၏မျက်နှာကြောင့် မကောင်းတတ်လို့ထင်ပါရဲ့ ပြောချင်းဆိုချင်းမရှိပေ။

ဒါပေမယ့် သဘောမတွေ့သည်ကိုတော့ အစောကောင်းကောင်းသိ၏။
ညမွှေးက နားလည်ပေးသည်။ စာနာပေးသည်။ အစောအတွက်ဆို ညမွှေးသည် စောလုကာ၏ဒုတိယမြောက် ညီမလေးဖြစ်၏။

သူငယ်ချင်းလိုလည်းနားလည်ပေးတတ်သည်။
ခင်လွှမ်း နဲ့ အောင်အောင် သည်လည်းတော်ကြပါသည်။
အစောအပေါ်ဆို အမြဲကောင်းပေးတတ်သည်။
ကြင်နာပေးတတ်သည်၊ စာနာပေးတတ်သည်။

" အဖေကြီးကိုအာရုံထဲမထည့်နဲ့ လုကာ...အခုကော ဆရာလေးကိုအဖြေပြန်ပေးလိုက်ပြီလား အခြေအနေဘယ်လိုလဲ.."

"ဟုတ်တယ်.. ဟုတ်တယ် အစော ငါတို့ကိုပြောပြပါဦး အဖြေပေးလိုက်ပြီလား.."

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now