အပိုင်း(၃၃)

1.1K 72 0
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

" ဘယ်လိုတွေတောင်ဖြစ်ကုန်ရတာလဲ ကိုကြီးရယ်.."

အကိုကြီးစိုးဆီမှဖြစ်ရပ်အားလုံးကိုကြားသိရပြီးနောက် ဒေါ်မြနှင်းကြည် တစ်ယောက်တုန်တုန်ရီရီဖြစ်ကာခြေ၊ လက် များမသယ်ချင်အောင်ထိ နုန်းခွေကျသွားသည်။
ဘယ်လိုတောင်ဖြစ်လို့ သမီးမီမီက ယောကျ်ားတစ်ယောက်ပုံစံပြောင်းလဲသွားပါသလဲ။
ပြီးတော့.... သူမရဲ့သားကြီးကဒီဖြစ်ရပ်ကိုပြောင်းလဲရမည်သူဖြစ်နေပြန်သည်။
ဘယ်လိုဝဋ်ကြွေးတွေကြောင့် သူမ၏ရင်နှစ်သည်းခြာများ ဒီလိုကြုံတွေ့ရပါသလဲ။

" အဟင့် အဟင့် အကိုကြီးရယ်လုပ်ပါဦး မြသမီးလေးကိုကယ်ပေးပါဦး.."

"ဟင်းးးးးးငါလည်းဘာတတ်နိုင်မှာလဲ မြရယ်  ငါ့အသက်၆၀နီးပါးဖြစ်နေပြီ တစ်သက်နဲ့တစ်ကိုယ်ဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံဖူးဘူး ၊  ဒါပေမယ့်၄လဆိုတဲ့အချိန်ကလည်းအရမ်းနီးကပ်နေပြီဆိုတော့ ဟောကိန်းထုတ်သွားတဲ့အဖိုး ပြန်ရောက်လာတော့မှာပါမကြာတော့ပါဘူး.."

" ကျွန်မတို့သမီးလေးတော့ ရေတိမ်နစ်ပြီထင်ပါရဲ့ အဟင့် အဟင့်..!!"

" အရမ်းကြီးလည်းအတွေးမလွန်ပါနဲ့မိန်းမရယ်... ကိုယ်တို့သမီးလေးပုံစံ​ကအရမ်းကြီးလည်းမဆိုးရွားသေးပါဘူး...ဒီမှာ သားလုကာကိုလည်း ထည့်တွက်ပေးရဦးမယ်လေ သူ့မှာဒီလိုပုံစံ၊ ဒီလိုအဝတ်အစားတွေနဲ့ဘယ်လောက်တောင်စိတ်ကျဥ်းကျပ်လိုက်မလဲ.."

" ကဲပါ...အဲဒါတွေအသာထား အခုခရီးလည်းပန်းလာကြရောပေါ့ သားအစော အန်တီတို့ကိုအိမ်ပေါ်ခေါ်သွားချေ ညနေကျရင်လည်း အကတိုက်ရဦးမှာမဟုတ်လားကွဲ့.."

" ဟုတ်... ဘကြီးစိုး.."

ဒေါ်လေးမြနှင်းကြည်ကို နားရအောင်အိမ်ပေါ်ကိုခေါ်လိုက်ခဲ့လိုက်တယ်။ဦးလေးကတော့
မျက်နှာမကောင်းပေမယ့် အစောခေါ်တော့လိုလိုချင်ချင်ဖြင့်လိုက်လာသည်။
ဧည့်ခန်းနေရာရှိ ကျွန်းထိုင်ခုံကြီးတွင်ခဏထိုင်ခိုင်းကာ ယယ်တောင်တစ်ချောင်းကိုတန်းပေါ်တွင်သွားဖြုတ်၏။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now