အပိုင်း(၃၂)

1.3K 69 0
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

" စာသင်ပေးရတာနဲ့နေထိုင်ရတာ အဆင်ပြရဲ့လားဒကာတို့.."

ရွာ၏အနောက်ဘက်တွင်တည်ရှိသည့် သပြေတန်းရွာ၏ဘုန်းကြီးကျောင်းတွင် သူကြီးအပါအဝင်..မိုးညို၊ ညီညီနဲ့ ထည်ဝါတို့အားလုံးသည် အဖိတ်ဥပုတ်နေ့မို့ဆွမ်းချိုင့်ပို့ကာ ရောက်နေကြပြီး
ဘုန်းဘုန်းကိုလာရောက်ရှိခိုးကန်တော့ကြ၏။

ဘုန်းဘုန်း၏အမေးစကားကို ထည်ဝါက လက်ဆယ်ဖြာထိပ်မှာမိုးကာ ရိုသေစွာပြန်လျှောက်၏။

" တင်ပါ့ဘုရား...အစစအရာရာအဆင်ပြေပါတယ်ဘုရား.."

" အေး အေး လိုတာရှိရင် အားလုံးကိုပြောလို့ရတယ်... ကျောင်းအတွက်လိုအပ်တာတွေကိုတော့ မြဒင်ကိုခိုင်းလို့ရတယ်.."

" တင်ပါ့ဘုရား.."

ထိုနောက်သူကြီးစိုးသည် ကျုံ့ကျုံ့လေးထိုင်ကာဖြင့်..။

ဘုန်းဘုန်း..ဘုရား တပည့်တော်တို့ရွာမှာနှစ်စဥ်ကျင်းပတဲ့ သက်ကြီးပူဇော်ပွဲနဲ့ဘုရားပွဲကလည်းနီးလာပြီမို့  ....ရန်ပုံငွေရှာဖို့အတွက်ဖျော်ဖြေပွဲလေးကျင်းပချင်ပါတယ် ဘုရား.."

" ကဲ...အဆင်ပြေသလိုသာ ဂေါပကတွေနဲ့တိုင်ပင်ပြီးကြည့်လုပ်ကြပေါ့...ဘုန်းဘုန်းကတော့ ဘာမှဝင်မပါချင်ဘူး.."

" သူကြီး...ရန်ပုံငွေရှာမယ့်ကိစ္စကို ကျုပ်တို့တာဝန်ထား အားလုံးကွက်တိစီစဥ်ပေးမယ်...ကျုပ်တို့လက်ထဲအပ်.."

ဘုန်းဘုန်းကအဆောင်တော်ထဲဝင်သွားပြီမို့ အားလုံးအဝိုင်းသဏ္ဍာန်ထိုင်ကြပြီး စကားပြောကြတယ်။
ရန်ပုံငွေအတွက် ညမွှေးပန်းကသူတာဝန်ယူမယ်လို့ပြောသည်။
ဒါကို ခင်လွှမ်းနဲ့အောင်အောင်ကလည်း ထောက်ခံသည်။
နုရည်ကတော့ ဘာမှတော့ဝင်မပြောချေ။

" ကဲ... ညည်းတို့စီစဥ်မယ်ဆိုတော့ ဘယ်လိုပွဲမျိုးလုပ်မယ်စိတ်ကူးသလဲ..ရွာထဲကလူတွေလည်းပျော်ရမယ်...အလှူငွေလည်းထည့်ချင်အောင် ဘယ်လိုလုပ်မလဲ.."

ကိုမြဒင်က သူကြီးစိုးပြီးရင် ရပ်ရွာအရေးသူပဲလုပ်ရသည်မို့ မေးမြန်းလိုက်တယ်။
သို့ပေမယ့်...ညမွှေးပန်းသည် ပြုံးယောင်သန်းသန်းလေးဖြင့်သာ..။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now