(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)
Unicode
" ကိုကြီးစော ကျွန်တော်လည်းလိုက်မယ်...စောင့်ပါဦး.."
နေ့လည်ထမင်းချိုင့်ပို့ဖို့ ထွက်လာတဲ့အစော၏အနောက်သို့ အမောတကောပြေးလိုက်လာသော ညီညီ။
အနားရောက်တော့ ဟောဟဲလိုက်ကာမောပန်းနေသည်။" လိုက်မလို့လား ညီ ၊ ကျောင်းကိုသွားမှာနေပူမှာနော်.."
" နေဦး...ကိုကိုပြန်လာမှ ညီ ရိုက်ဦးမယ်.."
"ဘယ်လို.."
ညီညီရဲ့စကားကိုအစောနားမလည်။
ထိုကြောင့် ခြေစုံရပ်ကာ မေးမိပြန်သည်။" ဟုတ်တယ်လေ ကိုကြီးစောလို ချစ်ဖို့ကောင်းတဲ့ကောင်လေးကို နေပူပူထဲထမင်းချိုင့်ပို့ခိုင်းတာ မလွန်ဘူးလား ၊ သူသွားတဲ့အခါတစ်ခါတည်းယူသွားရနေတဲ့ဥစ္စာ.."
" ရပါတယ် ညီရယ်.. ကိုကြီးစော အပန်းမကြီးပါဘူး ပြီးတော့နေ့လည်ပိုင်းဆိုအလုပ်ကလည်းသိပ်မရှိတော့ အဆင်ပြေပါတယ်. "
စကားတစ်ပြောပြောဖြင့်နှစ်ယောက်သားလျှောက်လာလိုက်တာ ထန်းတောနှင့်စာသင်ကျောင်းကြားရှိ လမ်းကွေ့နားရောက်လာသည်။
စိန်ပန်းပင်ကြီးအောက် ထိုင်ကာ အရက်သောက်နေသော မိုးညိုကိုတွေ့တော့ အစော၏ခြေလှမ်းများရပ်တန့်သွား၏။" ဟာ...ဟိုမှာ အရက်သမားကိုမိုးညို ပဲ..!"
ညီညီရဲ့ဝမ်းသာအားရစကားကြောင့် အစောနည်းနည်းတော့ အံသြရပြန်သည်။
ညီညီနဲ့မိုးညိုနဲ့က သိနေကြတာလား???" သိနေတာလား ညီ.."
" ကိုကြီးစောတို့ကို ကျွန်တော်မပြောပြမိတာ ဟိုနေ့ကရွာရောက်ဖို့ အရက်သမားကိုမိုးညိုက ကူညီလို့လေ..မဟုတ်ရင် ကျွန်တော်တစ်ယောက်ထဲ တိုင်ပတ်နေမှာ.."
" သြော်..!"
" လာ ညီ မြန်မြန်သွားရအောင်.. "
အရှေ့မှဦးဆောင်ပြီး အစောကသွားသည်။
သောလုကာကိုမြင်တော့ ကွမ်းယာတစ်လိပ်ကိုပါးစပ်ထဲထည့်ပြီး စိန်ပန်းပင်ကြီးအောက်မှ မိုးညိုထလာ၏။
ထိုနောက် အရှေ့သို့လာရပ်ကာ..။
YOU ARE READING
ညီလေးတို့ ရွာ..(Completed)
Romanceထုံကြိုင်လွန်းလှ စံပယ်ပန်းကို ကိုလေး မကြိုက်~~ ဖျက်ဆီးတတ်သော်လည်း.. မြတ်နိုးသူကား~~ ချစ်မြတ်နိုး ၏။ #ကိုလေး..။