အပိုင်း(၂၁)

1.4K 97 25
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

မျက်နှာထက်ယားကျိကျိခံစားချက်နှင့်အတူ မိုးညို၏မျက်လုံးတစ်စုံပွင့်ဟလာ၏။
ဝေ့ဝေ့ဝါးဝါးပုံရိပ်တစ်ခုသည် ပြက်သားထင်ရှားလာသည်။

သူ့ကိုသွားစွယ်လေးတွေ ပေါ်သည်အထိ ပြုံးရယ်ပြနေသော ဖြူဖွေးဖွေးကောင်လေး။
အခြေအနေကိုပြန်သုံးသပ်ကြည့်ပြန်တော့ ထိုကောင်လေး၏ပေါင်ပေါ်တွင် သူကခေါင်းဦးကာ အိပ်နေမိလေ၏။

မိုးညို အမြန်ကြုံးထသည်။
ထိုကောင်လေး ပြုမူလိုက်တဲ့အပြုအမူကို ဦးနှောက်ကအချက်ပေးပြန်တော့ တလိတ်လိတ်တတ်လာသည့် ဒေါသများကအရှိန်အဟုန်ပြင်းပြစွာ။
မျက်လုံးများဝေဝါးကာဖြင့် စိတ်ထဲရှိရာ ထိုကောင်လေး၏ ဘယ်ဘက်ပါးပြင်ထက်သို့ လက်သီးဖြင့်အရှိန်ပြင်းပြင်း ထိုးချလိုက်၏။

ခွပ်~~~

"!အ့!!"

လည်ထွက်သွားသည့် မျက်နှာမှာ ပျက်ယွင်းသွားခြင်းမရှိ။
ထို့အတူ ဖြူဖျော့ဖျော့မျက်နှာထက်အညိုပုတ်ရောင်သန်းသွားသည့် ဒဏ်ရာကို ပွတ်ပြီး ပြုံးစစဖြင့်ကြည့်နေသေးသည်။

!တောက်!

မိုးညို တောက်ခတ်ပြီး ထိုကောင်လေး၏ဝေးရာသို့ထွက်သွားရန်ပြင်၏။
သို့သော် ပုဆိုးစကိုဆွဲထားတာကြောင့် လူကလန့်သွားရသည်။

" ဟေ့ကောင်...လွှတ်စမ်း.. ငါ ိုးမသား အခုလွှတ် မဟုတ်ရင် မင်းစောက်ခွက်ပြုတ်အောင် ငါကန်ပြမယ်..!!"

" အရက်သမားကိုမိုးညို ဘယ်သွားမလို့လဲ သားလည်းလိုက်မယ်လေ နော်...နော်လို့..!"

" ီးကိုအရက်သမားကိုမိုးညိုလား..ဟမ်..ဖယ်..လွှတ်စမ်း..!!"

" ဟင့်အင်း... ဘယ်သွားမယ်မပြောမချင်းမလွှတ်ဘူး...!!"

မိုးညို စိတ်တိုလာသည်။
ပုဆိုးစကိုအတင်းဆွဲထားသည်ကြောင့် ပုဆိုးက ခါးစပ်နားအထိလျောကျနေပြီ။
အတွင်းခံဝတ်လေ့မရှိသည် မိုးညိုအဖို့ ပုဆိုးကျွတ်သာကျရင် ဘဝတော့နာပြီ။
မဖြစ်ချေဘူး...နောက်နေ့ စျေးဖြစ်ဖြစ်သွားပြီး အတွင်းဝတ်တော့ ဝယ်ဦးမှပါ။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now