အပိုင်း(၄)

2.8K 188 2
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

ကိုလေးနဲ့ဧည့်သည်မမက ထမင်းကိုအားရပါးရစားနေကြသည်။
ဘကြီးစိုးနဲ့လုကာက ဘေးမှသာထိုင်ကြည့်နေ၏။
အခုအိမ်ကိုဧည့်သည်တွေရောက်လာပြီဆိုတော့ သူတို့မောင်နှမနှစ်ယောက် အရင်အိမ်အဟောင်းသို့သာပြန်နေရန် လုကာဆုံးဖြတ်ထားတယ်။
သူတို့ကအိမ်ရှင်...ကိုယ်ကတစ်စိမ်း။
ဘကြီးစိုးကျုပ်တို့ကိုချစ်တာသိပေမယ့် သူများတွေအမြင်မှာတော့ မတင့်တယ်လှဘူးမဟုတ်လား။

"ဘကြီးစိုး... "

"အင်းးးပြောလေ.. သားလုကာ..!!"

"ညနေကျ...ကျုပ်နဲ့မြနန်းဝေ အရင်အိမ်အဟောင်းမှာပဲပြန်နေမလားလို့.."

ကျုပ်ပြောလိုက်တော့ ဘကြီးစိုးကနားမလည်သလိုကြည့်တယ်။
မဟုတ်ဘူး... ကျုပ်ကိုစိုးရိမ်သွားတာ။
ကျုပ်တို့သိမ်ငယ်မှာကို ဘကြီးစိုးရိမ်သွားတာ။

"ဘာလိုလဲ သားလုကာ...ဘကြီးနဲ့ပဲဒီမှာနေ ဘယ်မှသွားမနေရဘူး...!!"

"ဒါပေမယ့် ဧည့်သည်တွေအနေကျဥ်း..."

"တော်တော့ သားလုကာ...သားထည်ဝါတို့ဆိုတာ သားနဲ့အရင်ထဲကလည်ပင်းဖက်ပေါင်းလာခဲ့ကြတာပဲလေ ရင်းနှီးစရာလိုသေးလို့လား.."

"ဗျာ...ကိုလေးနဲ့ကျုပ်က အသိတွေလား..??"

"အေးလေ...သားမမှတ်မိဘူးပဲ.."

ထမင်းစားနေရင်း တိတ်ဆိတ်စွာထည်ဝါနားထောင်နေတယ်။
အဘ​ပြောတာကို စောလုကာကအံသြသလိုသူကိုကြည့်တယ်။
သိတယ်။ ကြည့်တာကိုသိတယ် ဒါပေမယ့်မသိချင်​ယောင်သာဆောင်နေလိုက်တယ်။
အစော...အစော..ငါမရှိတုန်းဘယ်ကောင်တွေကိုများ "ကိုလေး" ဆိုတဲ့နာမ်စားကိုခေါ်နေပါလိမ့်။
ကိုလေး ဆိုတဲ့နာမ်စားက ကိုကိုထည်ဝါပြည့်စုံထွန်း ဆိုတဲ့ငါတစ်ယောက်တည်းအတွက်ဆိုတာ မသိလေရော့သလား။

"သမီးမီမီကတော့ ထားပါတော့ ဘာပဲဖြစ်ဖြစ် သမီးမီမီဟာ သားအတွက်အမတစ်ယောက်လိုပါပဲ...မယုံရင်မေးကြည့်လိုက်... !"

"ဟုတ်လား... မမ.."

"အဘ...သူကသမီးတို့ထက် ငယ်တာလား ၊ ကြီးတာလား.."

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now