အပိုင်း(၆)

2.5K 170 4
                                    

(ဤဇာတ်လမ်းထဲတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များသည် စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

စျေးဆိုင်ဆိုလို့ ရွာမြောက်ပိုင်းက အောင်တိုးနဲ့ခင်လွမ်းတို့အိမ်သာရှိသည်။
ကျန်တဲ့သူတွေကစျေးမရောင်းပဲ သူတို့တစ်အိမ်သာ ကုန်စုံဆိုင်အကြီးကြီးဖွင့်ထား၏။မုန့်အစုံအလင်သည် အဲ့မှာပဲရှိတာမို့ စောလုကာ သုတ်ခြေတင်ကာလျှောက်လာသည်။
မြောက်ပိုင်းသူ/သားတွေ အနိုင်ကျင့်မှာလည်းကြောက်ရသည်မို့ ခပ်သွက်သွက်လျှောက်၏။

" အောင်အောင်ရေ....ခင်လွှမ်း...ဆိုင်ထဲဘယ်သူရှိလည်းဝေ့...ငါမုန့်ဝယ်မလို့ဟေ့...!"

စောလုကာ ဆိုင်ရှေ့မှအော်လိုက်တယ်။
ထိုအချိန်ယောင်းမကြီးလက်က ကိုင်ပြီး အောင်တိုး(အောင်အောင်) ထွက်လာတယ်။

"လုကာ..ဘာယူမလို့လဲ.. ဟဲ့ရေ နင်တို့အိမ်ကိုမြို့ကအဆင်ချောချောလေးရောက်နေတယ်ဆို ဘာလိုငါကမသိရတာလည်း မနက်ကအစည်းအဝေးကိုလည်း ငါနဲ့ခင်လွှမ်းဆိုင်စောင့်နေရလို့ မလာရဘူး..ဟဲ့.ပြောစမ်းပါဆ​ေဟယ် အဆင်လေးကအရမ်းလွှတ်ချောတယ်ဆို..!!"

စောလုသည် ခရားရေလွှတ်စကားတွေပြောနေသော အောင်အောင်ကိုကြည့်ပြီး စိတ်ရှုပ်လာသည်ကြောင့် ခေါင်းရှိဆံပင်များကိုတဗြင်းဗြင်းနဲ့ဆွဲကုတ်နေမိသည်။

"ဟုတ်တယ် နင်တို့တွေ့ချင်ရင် မနက်ကျလာခဲ့ပေါ့...အခုတော့ငါ့ကိုမုန့်အရင်ရောင်းစမ်းပါဟာ...ကိုလေးကပေါင်မုန့်စားချင်လို့တဲ့."

"ကိုလေး...ကိုလေးကဘယ်သူတုန်း နင်မှာအကိုရှိတယ်လိုလည်းငါတို့မသိပါဘူး နင်မှာညီမလေးမြနန်းဝေအပြင် နောက်အကိုရှိသေးလို့လား.. "

အောင်အောင်သည် သူထင်ရာမြင်ရာများကိုသာ လျှောက်ပြောနေသည်။
စောလုကာလည်း အပြစ်မဆိုရက်ပဲ စပ်စုတတ်တဲ့သူငယ်ချင်းလေးကိုပဲ သဘောကျသလိုရယ်နေမိသည်။
ဒါကိုမြင်တော့ အောင်အောင်က နှာခေါင်းတစ်ချက်ရှုံ့၏။

"လုကာ...ငါပြောတဲ့အထဲဘာရယ်စရာပါလို့ ရယ်နေတာလည်း ဟွန့်....မသိရင် သများက( သူများက) အရူးကျနေတာပဲ.."

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now