အပိုင်း(၁၇)

1.4K 103 3
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

ရွာထိပ်က ထနောင်းပင်အိုကြီးအောက်တွင် ပက်လက်လှန်ကာ အိပ်စက်နေသော အသားညိုညိုပိုင်ရှင် မိုးညို။
နှဖူးအထက် လက်တစ်ဖက်ကိုတင်ပြီး အကြည့်စူစူးများပေးစွမ်းတတ်သည့် မျက်လုံးတစ်စုံကိုတော့ မှေးမှိတ်ထားသည်။
လယ်ကွင်းများဆီမှ တိုက်ခတ်လာသည့် လေနုအေးအေးများက ထိုလူဖွင့်ဟထားသော အကျ...များကိုလှုပ်ခတ်စေသည်။

ထို့အပြင်....ထိုလူ၏ဘေးတွင်လည်း ထန်းရည်အိုးတစ်လုံးနှင့် ကွမ်းယာတစ်ထုတ်သည်က အထီးကျန်နေသလိုလို ၊ အဖော်မဲ့နေသလိုလို။

" ဟေ့လူ.... ဟေ့လူ...ကျွန်တော့်ကိုသူကြီး စိုးတို့အိမ်လိုက်ပို့ပေးပါလား..!"

အိပ်တစ်ဝက်၊ နိုးတစ်ဝက်ဖြစ်နေသည့်စိတ်ကခပ်အုပ်အုပ်ဆိုလာသည့် အသံကြည်ကြည်ကြောင့် လူကဆတ်ခနဲဖြစ်သွားသည်။
နောက် တစ်​ကြိမ်ထက်ကြားရသည့်အသံကြောင့် မိုးညို မျက်လုံးများကိုဖွင့်ကြည့်ပြီး မျက်ခုံးတန်းနှစ်ခုက တွန့်ချိုးနေသည်။
သူဒေါသအထွက်ဆုံးသည် သူအိပ်နေတုန်းလာနိုးတာပဲ။

ဘယ်ကောင်က သူ့အိပ်နေတာကိုလာနိုးရဲတာလဲ။

"!ဘာလဲ.. "

ပက်လက်အနေအထားနဲပဲ အမေးစကားထုတ်လာသည့် အမူးသမားကြီးကိုကြည့်ပြီး ညီညီ နည်းနည်းတော့လန့်သွားသည်။
အသံခပ်ကြီးကြီးက ယောကျာ်းတစ်ယောက်တွင်ရှိသင့်သည့် အချက်တစ်ခုပဲမဟုတ်လား။

" ဟို....ဟို...!"

" ကျစ်...! ပြောစရာရှိတာပြောကွာ...ီးမို့လို့စကားကထစ်နေတာလား.."

အဲ....

ကွမ်းစားထားလို့ နီထွေးနေသည့်နှုတ်ခမ်းလေးဆီက အဆဲသံလေးကြားလိုက်ရသည်မို့ ပြုံးစစဖြစ်နေသည့် ညီညီ၏မျက်နှာသည်တည်တန့်သွားရသည်။

" သူကြီးအိမ် လိုက်ပို့.."

"ဘာ...!!"

လက်မှာဆွဲထားတဲ့ အထုတ်ကြီးကိုကမ်းပေးပြီး ဆိုလာသူကြောင့် မိုးညို အိပ်နေရာမှထ ထိုင်သည်။
ထိုနောက် ဘေးတွင်ချထားသည့်ကွမ်းယာအိတ်ထဲမှ ကွမ်းတစ်ယာကိုပါးစပ်ထဲထည့်ပြီး တမြုံ့မြုံ့ဝါးရင်း ။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now