အပိုင်း(၁၃)

1.6K 106 6
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

ကိုမြဒင်ကိုအကူအညီတောင်းပြီး အစောရှိတဲ့လယ်ဆီကိုအရင်ဆုံးလိုက်ပို့ခိုင်းသည်။မနက်စာစားပြီး ရေမျိုးချိုးကာ ကျောင်းတော်ဆီသွားရမှာမို့ ထည်ဝါနှင့်မီမီသည် ရေချိုးရာကျောက်စည်တွင် တစ်လှည့်ဆီနေရာယူ၏။
ထည်ဝါက အရင်ဦးဆုံး ချိုးနေပြီး တော်တော်နှင့်ပြီးမလာသည်မို့ မီမီထည်ဝါပြည့်စုံထွန်း၏စိတ်အစုံမှာ မရှည်တော့ပေ။
စာသင်ဖို့ကျောင်းကိုသွားမှာလေ မသိရင်ပဲ ရှိုးပွဲသွားတော့မယ့် မင်းသားလိုမျိုး လုပ်နေတာမပြီးတော့ဘူး။

*ကျစ်..!! ကြာလိုက်တာ.. *

"ကိုကို...နင်ဒီနေ့ရေချိုးလို့ပြီးဦးမှာလား..ငါဘယ်တော့မှရေးချိုးရမှာလဲ..??"

"ခဏလေးပါဟာ....ငါဒီမှာခြေထောက်တွေဂျီးတွန်းနေလို့ပါဟ.."

အမလေး ခုနှစ်ခုနှစ်၊ ရှစ်ခုနှစ်ကဂျီးတွေကိုအတိုးချပြီး တွန်းနေသလားအောင့်မေ့ရတယ်။

"ဟဲ့....နင်သွားမှာ စာသင်ကျောင်းကိုနော်...ရှိုးပွဲသွားမှာမဟုတ်ဘူး နည်းနည်းပါးပါးစောင့်နေတဲ့ နင့်ညီမကိုအားနာပါဦး.."

ရေချိုးလို့တောင်မဝသေးဘူး သခွပ်ပင်အောက်ကနေ ထဘီရင်လျားကာ ခါးထောက်ရန်တွေ့နေသော ယောကျာ်းကေနဲ့ မီမီမကို ထည်ဝါခပ်ချဥ်ချဥ်မဲ့ပြလိုက်တယ်။
လူပဲ သန့်နေမှဖြစ်မှာပေါ့။
သူ့မလိုတော့ ရေ၃ခွက်လောက်လောင်းပြီးအိမ်ပေါ်ပြန်ပြေးတတ်တဲ့အထဲ ထည်ဝါတို့မပါပါ။
အအေးအလွန်ကြိုက်သူမို့ အခုလိုတောတောင်ခြေမှရသော ရေသည်အလွန်အေးလွန်းလှသည်။
အရင်က အဘတို့ရွာကို မလာချင်သလောက် အခုတော့ဒီရွာလေးမှာပဲ အခြေချချင်စိတ်တောင်ဖြစ်လို့နေပြီ။
ရေချိုးပြီး ပုဆိုးလဲကာ ကျူထရံကာထားတဲ့ရေချိုးခန်းလေးထဲမှထွက်လာတော့ မီမီမက လက်ပိုက်ကာခပ်စွေစွေကြည့်နေသည်။

ဂွပ်...~~~

~အ့..~~

ခေါင်းကိုအားဖြင့် ဂွပ် ခနဲနေအောင်ခေါက်ပြီးထည်ဝါအပြေးတပိုင်းထွက်ခဲ့၏။
အနောက်တွင် ဒေါသတကြီး ဆဲဆိုကာကျန်ခဲ့သော မီမီ၏မျက်လုံးများသည်က မီးဝင်းဝင်းတောက်မတတ်။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now