အပိုင်း(၁၄)

1.5K 117 7
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

" မြ... မင်းနေမကောင်းဘူးလား.."

မနက်စာထမင်းဝိုင်းတွင် ကော်ဖီပန်းကန်နှင့် မုန့်ပန်းကန်ကိုသာ တွေတွေကြီးစိုက်ကြည့်ပြီးအတွေးလွင့်နေသော မိန်းမဖြစ်သူကို ဦးထည်ဝါထွန်းမေးလိုက်ခြင်းဖြစ်သည်။
ထိုနောက် ဒေါ်မြနှင်းကြည်သည် သက်ပျင်းကိုချ၏။
သူမ၏စိတ်ထဲ ဝမ်းနည်းနေတယ်...သားနဲ့သမီး ရွာမှာအဆင်မှပြေပါ့မလား။

အိမ်မှာနေတုန်းကဆို ဒီဟာစားချင်ရင် ဒီဟာမှရကြတဲ့ သူတွေမို့ တစ်နယ်တကျေးမှာ အစားဆင်းရဲကြမလားမသိဘူး။

"ဖေကြီး... မြတို့ ကလေးတွေကိုအိမ်ပြန်ခေါ်ရအောင်တော်...သူတို့လေးတွေ အစားအသောက်များဆင်းရဲနေမလားမသိဘူး ၊ နေတာထိုင်တာတော့ အဆင်ပြေပေမယ့် မြို့နဲ့အလှမ်းဝေးတော့ အစားအသောက်ရှားမှာ.."

"အိုကွာ...မင်းအရမ်းအတွေးလွန်နေပါပြီ။ အကိုကြီးကတော့ သူတူနဲ့သူတူမကိုတော့ အငတ်မထားလောက်ပါဘူး...မင်းသားနဲ့မင်းသမီးက ဒီလိုမှတော်တန်ရာကျမှာ ဘယ်နှယ့်ကွာ....အသက်တွေက ငယ်တော့တဲ့အရွယ်မဟုတ်ဘူး အခုထိကလေးလို ဆိုးမိုက်နေတာ သားငယ်နဲ့များကွာပါ့.."

"အိုတော်...ကျွန်မသားနဲ့သမီးဆိုတော့ ရှင်လည်းမွေးထားတာပဲလေ...ဖေကြီးနော် စကားကိုကြည့်ကြပ်ပြော...ဖုန်းလည်းမဆတ်ကြဘူး ၊ အဆင်မှပြေကြရဲ့လားမသိဘူး.."

ဒေါ်မြနှင်းကြည် စိတ်ပူတာမှအမှန်။
ရှိတာမှ သားသမီးသုံးယောက်ကို သားငယ်ကနိုင်ငံခြားမှာကျောင်းသွားတတ်နေတာ ဘယ်တော့ပြန်လာမလဲမသိဘူး။
အခုလည်းကြည့်.... ဒင်းလေးတို့ကမလိမ်မာတော့ မိဘနဲ့ခွဲနေရပြန်ပြီ။
ကျန်ခဲ့တဲ့ ဒီအဖိုးကြီးနဲ့အဖွားကြီးက လွမ်းယုံသက်သက်ပဲ။

ဖုန်းဆတ်ကြည့်ရအောင်လည်း သူတို့ဆီက လိုင်းကရတစ်ချက်မရတစ်ချက်။
အောင်မလေး....ငါတော့ကြာရင်ဒီစိတ်နဲ့ လဲမှာပဲ။

" မြ...စိတ်ပူတာလဲစိတ်ပူတာပေါ့ကွာ..ကိုယ်ကျန်းမာရေးကိုတော့အထိခိုက်မခံပါနဲ့ သားနဲ့သမီးကအဆင်ပြေမှာပါ စား ၊ စား...မိန်းမက များများစား.."

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now