အပိုင်း(၂)

3.4K 206 8
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက် များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

ချက်ခြင်းကြီးနယ်ဘက်ဆင်းရသည်မို့ အိပ်ယာလည်းစောစောထရပေသည်။
မထချင်ဘူး ပြီးတော့ သွားလည်းမသွားချင်ဘူး။အဘတို့ရွာက ပျင်းစရာကောင်းလွန်းလှသည်။ရန်ကုန်ကိုလည်းမခွဲနိုင်...ဖေကြီနဲ့မေကြီးကိုလည်းမခွဲနိုင်...သူတို့ရဲ့စော်လေးတွေကိုလည်းမခွဲနိုင်။
သို့ပေမယ့် မတတ်နိုင်။
အခုတော့မနက်၄နာရီကြီးထပြီး နယ်ဘက်ဆင်းဖို့ပြင်ဆင်နေရပြီး။
၅နာရီလောက်ကျတော့ မေကြီးက လိုအပ်တဲ့ ပစ္စည်းတွေကိုသေချာထုတ်ပိုးပေးပြီး မှာစရာရှိတာတွေကိုမှာနေတယ်။
လိမ်လိမ်မာမာနေတို့ ၊ ဘကြီးကိုမဆိုးရဘူးတို့၊ မောင်နှမနှစ်ယောက် ရန်မဖြစ်နဲ့တို့ အို.....စုံလိုပါပဲ။
ကိုကိုကသူ့စော်/ကောင်လေးတွေနဲ့ခွဲရမှာမို့
မသွားချင်။ဒါတာ​ကြောင့်မျက်နှာကြီးကို ဆူပုတ်ထားသည်။
မီမီလည်း မသွားချင်ပါ။ဒါပေမယ့် ဖေကြီးကိုကြောက်ရသည်မို့ သူမတို့မလွန်ဆန်နိုင်။

မနက်စာဘာညာစားသောက်ပြီးတော့ အထုတ်တွေအပိုးတွေကားပေါ်တင်သည်။၆နာရီလောက်ကျတော့ ဖေကြီးကအဝေးပြေးကားဂိတ်ကိုလိုက်ပို့မယ်ဆိုတာကြောင့် သူတို့မောင်နှမနှစ်ယောက် မသွားချင်ပဲလိုက်ခဲ့ရတော့၏။
ကားမှန်မှတစ်ဆင့် ရန်ကုန်မြို့ကြီးကိုလွမ်းမောဖွယ်ကြည့်နေမိသည်။
မီမိီက ဖေကြီးနဲ့အရှေခုံမှာထိုင်သည်။ထည်ဝါသည်က နားထဲနားကျပ်ထည့်ကာ ရန်ကုန်မြို့ကြီးကိုမခွဲနိုင်ကာ အပြင်ဘက်သို့ငေးကာကြည့်နေသည်။

"ကိုကို..နဲ့မီမီ ဟိုရောက်ရင် ရွာရဲ့ကောင်းကျိုးကိုတစ်နိုင်တစ်ပိုင်သယ်ပိုးပေးနော်...ဖေကြီးမင်းတို့ကိုအမြဲစောင့်ကြည့်နေမှာ...သူများရွာသွားပြီး ရွာဇော်တွေသွားမလုပ်နေနဲ့..ကြားလား.."

"ဟုတ်.."

"ဟုတ်.."

"ဖေကြီးမမိုက်ဘူးဗျာ..သားတို့အရင်ကလည်းဒီလိုပဲဖြစ်နေကြကို ဘာလိုအခုလိုကြီး ကောက်ခါငင်ခါထစီစဥ်ရတာလည်း... "

ကိုကိုထည်ဝါပြည်စုံထွန်း သည်နားမလည်သည့်ပုံစုံမျိုးဖြင့် ဖေကြီးကိုမေးလိုက်တယ်။
သူကမေးတော့ ဖေကြီးကပြုံးနေသည်ကို ကားမှန်မှတစ်ဆင့်သူမြင်လိုက်ရ၏။
တကယ်ပဲ ဖေကြီး၏စိတ်ကိုနားကိုမလည်တော့ဘူး။
စဥ်းစားကြည့်ကြဗျာ...ပဲခူးရိုးမတောင်ခြေနားကရွာဆိုမှတော့ ရန်ကုန်လောက်စည်ကားသိုက်မြိုက်ပါ့မလား။
ဘယ်မလဲ သွားချင်လာချင်လာရင် သွားလည်ရအောင်နေရာ။
ဘယ်မလဲ သောက်ချင်စားချင်ရင်သောက်ကအောင်နေရာ...သြော်..ရှိပါလိမ့်မယ် ရွာထဲကအရက်ဆိုင်..။
စော်လေးတွေနဲ့ပလူးရအောင် ဘယ်မလဲ Bar..။
မီးကမရှိ။ အင်တာနက်ကလည်းရတစ်ချက်မရတစ်ချက်တဲ့။
အဲ့လိုနေရာမျိုးကိုလေ ကျုပ်တို့ဖေကြီးကစာသင်ဖို့လွှတ်လိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး။
ထည်ဝါ အသက်၁၄နှစ်လောက်ကရောက်ဖူးတယ်။
ပျင်းလွန်လို့ ကစားဖော်ဆိုတာမရှိ။ဒါပေမယ့် ဘကြီးတို့အိမ်နောက်မှာနေတဲ့ အကောင်ခပ်ကြီးကြီးနဲ့ နူနူထုံထုံကောင်လေးတစ်ယောက်ကိုတော့ သူကစားဖော်အဖြစ်ခေါ်ကစားဖူးတယ်။
သပြေတန်းရွာ...နာမည်ကြားယုံဖြင့် ထည်ဝါ၏စိတ်ကိုလွှမ်းမိုးနိုင်လွန်းသည်။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now