ရေစက်(1)

3.7K 92 2
                                    

ဟင်!!ဒါ...ဒါဘယ်နေရာလဲ။

"တစ်စိတ်လောက်ရှင့် ဒါဘယ်နေရာလဲရှင့်"

"တိတ်တိတ်နေပါ သိရပါလိမ့်မယ်"

~မသိလို့မေးပါတယ်ဆိုမှမပြောပြဘူး။

လရိပ်ရှေ့တွင်ရပ်နေသောလူတန်းကြီးဟာတဖြည်းဖြည်းနည်းပါးလာသည်။
မကြာခင်မှာဘဲလရိပ်အလှည့်ရောက်လာတော့သည်။

"နာမည်က လရိပ်ချိုနော်"

ခုံအမြင့်ပေါ်တွင်သပ်သပ်ရပ်ရပ်ထိုင်နေသောလူကြီးတစ်ယောက်ကမေးလာသည်။သို့သော်ထိုသူ၏၀တ်စုံမှာလရိပ်တို့၀တ်နေကြသောအ၀တ်မျိုးနှင့်မတူ။ဆန်းကြယ်၏။

"ဟုတ်ကဲ့ လရိပ့်နာမည်လရိပ်ချိုပါ"
"ဒါနဲ့ ဒါဘယ်နေရာလဲဆိုတာ​ပြောပြပေးလို့ရမလားရှင့်"

ထိုလူကြီးဟာစာအုပ်ကိုကြည့်နေရာမှလရိပ်သို့ကြည့်လာသည်။
"ဒါ ငရဲဘုံလို့ပြောလို့ရတယ်"

"ရှင်!! ဒါဆိုလရိပ် ... လရိပ်က"

"မင်းကြည့်ရတာကိုယ့်ကိုကိုယ်သေဆုံးသွားပြီမှန်းမသိသေးပါလား"

"လရိပ်သေသွားရင် လရိပ်ရဲ့မေမေ .... "

"အပူမီးတွေကိုလျှော့ပါ"

"ဒါပေမယ့်လရိပ် ... လရိပ်
မေမေ့ကိုဂရုစိုက်ချင်သေးတယ် လူနာတွေကိုလည်းကုပေးချင်သေးတယ်"

"မင်း အဲ့သလောက်တောင်အသက်ရှင်ချင်သလား"

"လရိပ်ကလရိပ်အတွက်အသက်ရှင်ချင်တာမဟုတ်ပါဘူး လရိပ်ရဲ့မေမေနဲ့လူနာတွေအတွက် ..."

လရိပ်တစ်ယောက် စကားကိုဆုံးအောင်မပြောနိုင်ဘဲအသံဟာအဆုံးမှာတိမ်၀င်သွားသည်။

"မင်းအဲ့သလောက်အသက်ရှင်ချင်ရင် မင်းကိုလူ့ပြည်မှာနေရအောင်ကူညီပေးမယ်"

"တကယ် ... တကယ်ပြောတာလား"

"အင်း"

"ယမမင်းကြီး သူရောက်ပါပြီ"

လူကြီးတစ်ယောက်။လူကြီးတစ်ယောက်ဟုဆိုသော်ငြား ထိုသူမှာလည်းပုံမှန်လူနှင့်မတူ။

"သူ့ကိုဒီလွှတ်လိုက်ပါ"

မကြာခင်မှာဘဲ
"လွှတ်စမ်း ငါကိုလွှတ် နင်တို့ကများငါ့အသားကိုရာရာစစ"

ရေစက်Where stories live. Discover now