ရေစက်(35)

825 55 3
                                    

"အရသာဘယ်လောက်ရှိမလဲဆိုတာစမ်းကြည့်ချင်လာပြီ"

ဧကရီ၏စကားများကြောင့်နန်းအတော်ရှက်မိကြောက်မိသည်။မိန်းမသားချင်းပင်ကြောက်ရလောက်အောင်အာဏာရှိလွန်းသူပါလား။

နန်းနှင့်ဧကရီတို့နှစ်ဦးမသိသည်မှာထိုအခန်းအတွင်း၌သူမတို့နှစ်ဦးတည်းမဟုတ်သည်ကိုပင်။လရိပ်သည်လည်းထိုအခန်းအတွင်း၌ရှိနေခဲ့သည်။

"ဘယ်လိုလဲ စမ်းကြည့်ကြမလား"

"မ  .... မ .... မလုပ်ပါနဲ့နော် နန်း ..... နန်းကပဲဧကရီ့ကိုတောင်းပန်ပါတယ်"
"နန်းစိတ်မထိန်းနိုင်ဘဲဧကရီ့ကိုအော်မိတဲ့အတွက်ဒီ .... ဒီလိုတော့မလုပ်ပါနဲ့နော်"

"အဟမ်း အခုကျတော့လည်းလိမ္မာနေပါရော့လား"

"တောင်းပန်ပါတယ်ဧကရီလေးရယ် နော်"

သနားကမားရုပ်ကလေးနှင့်အသနားခံနေသောနန်း၏မျက်နှာသည်ချစ်စဖွယ်အတိ။

"အို နောက်ကျသွားပြီပဲ ဧကရီဆိုတဲ့ကျွန်မက"
"လိုချင်တာဆိုရအောင်ယူတာ"

'ရအောင်ယူတာ' ဟူသောစကားကိုနားနားကပ်၍ပြောလိုက်ပုံမှာမကြောက်တတ်သောလူသားတစ်ယောက်ပင်ကျောချမ်းစေမည့်သဏ္ဍာန်။

ရွှတ်

ဖြူဖွေးကာကျော့ရှင်းနေသောနန်း၏လည်တိုင်အားနမ်းရှိုက်လိုက်သည်။

လရိပ် နန်းတို့၏အဖြစ်အားကြည့်နေမိသည်။လရိပ်နှင့်မမတို့အလှည့်ကပုံသဏ္ဍာန်သည်ထိုပုံသဏ္ဍာန်နှင့်တူသည်။

~လရိပ်တို့တုန်းကလည်းကြောက်စရာပုံစံကြီးဖြစ်ခဲ့တာပဲ

နန်းအားနမ်းရှိုက်ပုံနှင့်ပြောပုံဆိုပုံကိုကြည့်၍ထိုသို့တွေးမိသည်။
ထို့ပြင်တစ်ဆက်တည်းတွေးမိသည်မှာ နန်းမကြာမီဘ၀ပြောင်းတော့မည်

အကြောင်းကားဧကရီသည်အပြောနှင့်အလုပ်ညီသူတစ်ဦး။ထိုသို့ပြောပါကအမှန်တကယ်ထိုသို့ပြုလုပ်ပေတော့မည်။လရိပ် နန်းအားကယ်တင်ရန်လိုအပ်နေပေသည်။

အနီးအနားရှိပစ္စည်းတစ်ခုခုအားယူရန်ရှာနေစဥ်၀က်အူလှည့်တစ်ခုကိုတွေ့သည်။

ရေစက်Where stories live. Discover now