"လရိပ်ရယ် ဖြေသိမ့်ပါနော်"
"အန်တီခင်ငြိမ်းကကောင်းမှုကုသိုလ်တွေပဲလုပ်တာ တမလွန်မှာကောင်းကောင်းရှိနေမှာပါနော်"
နန်းနှင့်သူသူမည်သို့ပင်နှစ်သိမ့်စေကာမူရင်ထဲမှ၀မ်းနည်းမှုဟာတစ်စိုးတစ်စိပင်မလျော့သွား။
ထိုစဥ်နန်းထံသို့ဖုန်းတစ်ခု၀င်လာသည်။သူသူဟာလရိပ်ကိုထွေးပွေ့ထားပြီးနန်းဟာဖုန်းကိုဖြေကြားရန်ကိုင်လိုက်သည်။
"ဟယ်လိုဦးဖြိုး"
" ..... "
"ဟုတ်ကဲ့ ပြန်လာပါ့မယ်"
" ...... "
"သူသူ့ကိုပါခေါ်လာဖို့ကျအဆင်မပြေဘူးလေ"
လရိပ်နှင့်သူသူ့ဘက်သို့ကြည့်ကာထိုသို့ဆိုလိုက်သည်။
" ...... "
"ဟုတ်ကဲ့ ဒါဆိုခေါ်လာခဲ့ပါ့မယ်"
" ..... "
"ဟုတ်ကဲ့"
ဟူးးး
နန်းဟာဖုန်းပြောပြောပြီးချင်းမှာပဲသက်ပြင်းကိုသာပြင်းပြင်းချလိုက်သည်။"ဘာတဲ့လဲနန်း"
လရိပ်ကိုထွေးပိုက်ထားရင်းနှင့်ပင်သူသူကမေးလိုက်သည်။
"ပါးပါး ၃နှစ်ပြည့်လေ လာခဲ့ပါတဲ့"
"မမတို့ကသူသူ့ကိုပါတစ်ခါတည်းလာစေချင်တယ်တဲ့""သူသူလိုက်ဖို့ကျ ..... "
စကားဟာမဆုံးခင်မှာဘဲလရိပ်ထံသို့လှည့်ကြည့်ကာတိမ်၀င်သွားသည်။
"ရ .... ရပါတယ် သူသူနဲ့နန်းသာသွားကြပါ"
"တကယ်ကော အဆင်ပြေလို့လား လရိပ်ရဲ့"
"ရပါတယ် လရိပ်လည်းကလေးမှမဟုတ်တော့တာ ရင့်ကျက်သင့်ပြီမဟုတ်လား"
လရိပ် အတတ်နိုင်ဆုံးထိန်းကာပြောလိုက်သည်။
"တကယ်ကောအဆင်ပြေပါ့မလားလရိပ်ရယ်"
"မပူပါနဲ့နန်းရဲ့ နန်းသာသွားစရာရှိတာကိုသာသွားပါနော်"
"အင်းးးးး လရိပ်ကအဆင်ပြေတယ်ဆိုရင်လည်းပြီးတာပါပဲလေ"
"နန်းတို့အ၀တ်အစားတွေပြင်ရဦးမယ်မလား နောက်ကျနေဦးမယ် သွားတော့နော်"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}