ရေစက်(37)

916 60 2
                                    

နိုးလာသည့်အချိန်၌ဦးစွာတွေ့လိုက်ရသည်မှာချစ်ရသူ၏ မျက်နှာကလေးပင်။အနည်းငယ်နာကျင်နေသော်ငြားချစ်ရသူပျော်ရွှင်နေသည်ကိုမြင်ရသည်မို့ထိုနာကျင်မှုအားခံစားရသည်မှာတန်ပါသည်။

၀လ္လာမနိုးသွားစေရန်ဖြေးဖြေးကလေးထကာအ၀တ်များအား၀တ်လိုက်သည်။၀လ္လာမှာတော့အ၀တ်များ၀တ်ထားလျက်။

အချိန်အားကြည့်လိုက်သောအခါ ၁၁ နာရီခွဲ။ညနေအချိန်ကအိပ်လိုက်သည်မို့ယခုကဲ့သို့နိုးလာခြင်းပင်။

မျက်လုံးများကြောင်ကာအိပ်မပျော်သည်မို့၀ရန်တာနားသို့သွားကာလမင်းကြီးအားကြည့်နေလိုက်သည်။

လမင်းကြီး၏နံဘေး၌တိမ်စိုင်ငယ်တစ်ခုသည်အဖော်ပြုပေးလျက်လမင်းကြီးအားပို၍လှပအောင်ပါရမီဖြည့်ပေးနေလေသည်။

"အမေ့ !!! ..... "

"ဘယ်တုန်းကထသွားတာလဲ"

ရုတ်တရက်လာဖက်သည်မို့လန့်ကာအော်မိသည်။

"ခုနကပါမမရဲ့ မမကကော"

"ခုနကခဏမှေးသွားတာ"
"အိပ်နေရင်းဖက်တော့လရိပ်မရှိတော့လို့ထလာတာ"

"လရိပ်မရှိလည်းအိပ်လို့ရတာပဲဟာ"

"ဟင့်အင်း အရင်ကပဲရတာ"
"အခုတော့လရိပ်မရှိရင်အိပ်လို့မရတော့ဘူး"

"တော်တော်လေးစွဲလမ်းစိတ်တွေများနေတယ်ပေါ့"

"ဒါပေါ့"

"တရားလေး ဘာလေးရှုပါတော့လား"
"သံသရာကလွတ်တာပေါ့"

"ဟင့်အင်းကွာ မမှတ်နိုင်သေးပါဘူး"

နောက်ကျောမှဖက်နေရာမှမျက်နှာချင်းဆိုင်သို့နေရာရွှေ့လာသော၀လ္လာ။

"ရိပ် ဆိုတဲ့နွံလှလှလေးထဲမှာနစ်နေတုန်းပဲ"

"ဘာမှလည်းမဆိုင်ဘူး"

"ဟောဒီကလူသားကိုယ်တိုင်ကဒီနွံလေးထဲမှာအနစ်ခံတာမို့အဆုံးထိနစ်မွန်းပါရစေ"

"မမရယ်"

"လရိပ်ချိုဆိုတဲ့လမင်းကြီးရဲ့အနားကတိမ်ငယ်လေးဖြစ်ခွင့်ပြုပါ"

"အနားမှာမဟုတ်ဘဲဖုံးလွှမ်းသွားရင်တောင်တိမ်၀လ္လာဆိုတဲ့မမမို့ကျေကျေနပ်နပ်ကြီးဖုံးလွှမ်းခံမှာပါ"

ရေစက်Where stories live. Discover now