ရေစက်(2)

1.3K 55 0
                                    

လွန်ခဲ့သောတစ်နှစ်က ....

"မေမေရေရိပ်သွားပြီနော်"

"လကလေး ဒီနေ့ကစောပါလား"

"ဟုတ်မေမေ မိုးတွင်းနီးနေပြီဆိုတော့ နေကောင်းတွေဖြစ်ကြတော့မှာမို့ကြိုတင်ဆေးထိုးပေးမယ်လေ"

"အေးအေး ကောင်းကောင်းဂရုစိုက်လိုက်ဦးနော်"

"ဟုတ်ကဲ့ပါမေမေရဲ့"

တစ်နေရာရာသွားခါနီးတိုင်းမိခင်ဖြစ်သူကိုကန်တော့ပြီးမှသွားလေ့ ရှိသောရိပ်ရဲ့ကျင့်ပါလေ

*******
"နန်းတို့တောင်ရောက်နေပါရော့လား"

"မကြာသေးပါဘူးရိပ်ရယ်"

"ဒါနဲ့ဘယ်နှနာရီမှာတဲ့လဲ"

"ကိုစိုင်းနောင်ပြောတာတော့၉နာရီမယ်တဲ့"

"သြော် အင်းအင်း"

**********
"ဖွားဖွား အိမ်ပြန်ရောက်ရင်လေအားရှိတာတွေစားပြီးအိပ်လိုက်နော်"

"အင်းပါမြေးလေးရဲ့"

"ဟုတ်ကဲ့ဖွားဖွား ကောင်းကောင်းသွားပါနော်
နောက်တစ်ယောက်လာပါရှင့်"

~ချောလိုက်တာ ဒီနေရာမှာဒီအစ်မကိုတစ်ခါမှမြင်ဖူးပါဘူး

"နာမည်လေးပြောပါရှင့်"

"တိမ်၀လ္လာ"

~ကောင်းကောင်းမေးတာကိုကောင်းကောင်းပြန်ဖြေဘူး
ဒီလိုပဲပြောနေကျနေမှာပါလေ

ရေစက်Where stories live. Discover now