ရေစက်(46)🌕☁️

877 42 3
                                    

အချိန်တွေ။
လမင်းလေးနဲ့အတူရှိနေခဲ့တဲ့အချိန်တွေကိုပဲလွမ်းဆွတ်နေမိတယ်လမင်းလေးရယ်။

ရက်လည်ပြီးတစ်လအကြာ ....
"၀လ္လာငါတို့ဒီည၀ိုင်းစောင့်ပြီးအိပ်ပေးရမလား"

"ရပါတယ်ဆုလင်း ပြန်ကြတော့နော်"

မကြာမီဆုလင်းနွေတို့ပြန်သွား၏။လက်ကျန်ပစ္စည်းများကိုသိမ်းရင်းခေါက်ဓားလေးတစ်ချောင်းကိုတွေ့မိသည်။
ထိုဓားအတွက်အတွေးများ စိတ်ကူးများမရှိပါလျက်အိပ်ကပ်အတွင်းသို့ထည့်လိုက်မိသည်။
~တစ်ချိန်တော့သုံးလို့ရလောက်မှာပါလေ

-------------
ပစ္စည်းသိမ်းပြီးအချိန် ည၁၀နာရီ .....
တိတ်ဆိတ်ခြောက်ကပ်နေသောထိုအိမ်အတွင်းမနေချင်တော့။နေရာတိုင်း၌သူမလေး၏အသံကိုကြားယောင်နေရသည်။

စိတ်ကိုကြည်လင်သွားအောင်မျက်နှာသစ်လိုက်သော်ငြားရေမသုတ်မိ။

"မမ မျက်နှာသစ်ပြီးရင်ရေသုတ်လေ"

"လမင်းလေး"

လမင်းလေးဟုခေါ်လိုက်သော်ငြားအမှန်တွင်မူမရှိပါ။သူမလေးထွက်သွားတာ၁လပြည့်ပြီပဲ။
မျက်နှာသစ်လိုက်ပြီးအိပ်ရာသို့၀င်လာလိုက်သည်။
တစ်ချိန်ကနွေးထွေးခဲ့ပါသော နှစ်ယောက်အတူအိပ်စက်ခဲ့ပါသောထိုအိပ်ရာကလေး။ယခုတော့တစ်ကိုယ်တည်းဖြစ်နေလေပြီ။အိပ်မရ၍ဟိုလိမ့် ဒီလိမ့်လိမ့်နေမိသည်။

ည၁၁နာရီ .....
ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နှင့်ပင်အချိန်မှာ၁၁နာရီထိုးနေလေပြီ။အမှတ်တမဲ့အိတ်ကပ်မှခေါက်ဓားလေးကိုစမ်းမိသွားသည်။

ဓားကိုထုတ်ကာအချိန်တစ်ခုကြာအောင်ကြည့်နေမိသည်။
~လမင်းလေးနောက် ကိုယ်လိုက်လာပါရစေ

လက်ကောက်၀တ်အားနက်နက်ကလေးခြစ်ချလိုက်သည်။ထို့နောက်မျက်တောင်မှိတ်လိုက်ကာ 'လမင်းလေး' ဟုသာစိတ်မှရေရွတ်နေကာအတိတ်မှအဖြစ်ပျက်များကိုသာပြန်တွေးနေမိသည်။

သို့သော်ကံတရားသည်၀လ္လာ့အားလရိပ်နှင့်ဆုံစည်းခွင့်မပေးသည်နှင့်တူရဲ့။ဆုလင်းနွေတို့အချိန်မီရောက်လာကာအသက်အန္တရာယ်မှတားဆီးနိုင်ခဲ့သည်။
------------
အိပ်၍မပျော်ခဲ့သောရက်များစွာကြောင့်၀လ္လာ၏မျက်ကွင်းများသည်လည်းညိုမဲနေလေသည်။
"အိပ်ဆေးတစ်ဘူးလောက်ဖြစ်ဖြစ်ယူထားမလားဌာနမှူး"

You've reached the end of published parts.

⏰ Last updated: Aug 27, 2023 ⏰

Add this story to your Library to get notified about new parts!

ရေစက်Where stories live. Discover now