လရိပ် ယနေ့၌နန်းတို့နှင့်သာအတူဆေးရုံသို့လာခဲ့လိုက်သည်။
ကားကမနေ့ညကကျန်ခဲ့သည်လေ။တစ်လမ်းလုံးမေမေ့အကြောင်းကိုယောင်လို့တောင်မဟသောသူသူတို့နှစ်ယောက်ကြောင့်စိတ်ထဲတွင်မေးခွန်းများစွာကလွှမ်းမိုးလျက်။
"လရိပ် နန်း Operation ရှိလို့သွားလိုက်ဦးမယ်နော်"
စပြီးရှောင်ထွက်ပါပြီ။
"သူသူ!! သူသူမေမေ့အကြောင်းပြောပြမယ်ဆို ခုပြောတော့လေ"
"လရိပ်ရယ်ပြောပြ ..... "
"သူ ... "
ခေါ်သံကြား၍လရိပ်နှင့်သူသူနှစ်ယောက်လုံးလှည့်ကြည့်သောအခါတွေ့လိုက်ရသည်မှာ
"ရူဘီ!! "
"ခင်"
သူသူ၏ 'ခင်' ဟူသောနာမ်စားလေးကြောင့်လရိပ်ကြောင်မိသွားသည်။
~ခင်!! ရူဘီ့ကိုဘာလို့ခင်လို့ခေါ်တာလဲ
မူလ ကနဦးကတည်းကမေးခွန်းများပြည့်နှံ့နေသောလရိပ်၌
ယခုမေးခွန်းများဟာပေါများလျက်။"သူ!! သူနဲ့တို့စကားပြောချင်တယ်"
သူသူ့ကိုကြည့်လိုက်တော့မျက်နှာထက်၀ယ်အလိုမကျမှုတို့ဟာအထင်းသား။
"သူသူ့မှာပြောစရာမရှိဘူး"
"လာလရိပ် သွားကြစို့""နေပါဦးသူရဲ့"
သူသူ၏လက်ကိုရူဘီကဆွဲကာတားလိုက်သည်။
သူတို့နှစ်ဦးကြားလရိပ်ဟာရှိနေပါလျက်ပျောက်နေသလိုပင်။"သူသူ့လက်ကိုလွှတ်ပါ"
"သူသာတို့ကိုစကားပြောခွင့်ပေးရင်လွှတ်ပေးမယ်လေ"
ရူဘီထိုမျှမျက်နှာပြောင်တတ်သည်ကိုလရိပ်မမြင်ဖူးခဲ့။
"ကျစ်!! ဘာတွေဖြစ်နေတာလဲ လွှတ်ပါ"
"ပြောပြီးသားပဲလေ စကားပြောမယ်ဆိုလွှတ်မယ်"
"လရိပ် သူသူတို့သွားကြစို့"
လရိပ်ဘက်သို့ကြည့်ကာသူသူကဆိုလာပြန်သည်။
"ဟမ် အင်းအင်း သွားကြစို့"
လရိပ်နှင့်သူသူတို့ ထိုနေရာမှအမြန်ဆုံးထွက်ခွါခဲ့ကြသည်။
___________
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}