"လွှတ်ပါလို့!! "
"မင်းကစပြီး ကားထဲကအကြောင်းကိုအစဖော်တာလေ"
လရိပ်ချို၏ခန္တာကိုယ်အပေါ်အုပ်မိုးလျက်လက်နှစ်ဖက်ကိုလည်းချုပ်ထားသည်။ထိုမျှသာမကခြေနှစ်ဖက်ကိုပါလှုပ်၍မရအောင်ထိန်းချုပ်ထားသည်မှာချုပ်ကွက်မရှိ။
"ဒါကြောင့်မင်းအပြစ်နဲ့မင်းပဲ"
"လွှတ်ပါဆို"
"တကယ် တကယ်မပြောတော့ဘူး""ကားထဲမှာတုန်းကလည်းမင်းအဲ့လိုပဲပြောခဲ့တာလေ"
"မဟုတ်ဘူး တကယ် အခုကတိပေးတယ်"
"ကတိတစ်လုံးကိုမတည်တဲ့လူတစ်ယောက်ပြောတာယုံစရာလား"
"မဟုတ်ဘူး အခုတကယ်ကတိတည်တယ် လွှတ်ပါနော်"
အသနားခံလျက်လွှတ်ဖို့ပြောလာသည့်ထ်ုမျက်၀န်းနှစ်စုံကိုတိမ်၀လ္လာတည့်တည့်ကြည့်မိသည်။
~လမင်းလေးအတိုင်းပါလား
တိမ်၀လ္လာ လရိပ့်ခန္တာကိုယ်ထက်မှဆင်းကာလက်နှစ်ဖက်ကိုလွှတ်လိုက်သည်။
"နောက်တစ်ခေါက်ထပ်ပြောရင် ..... "
"ဟင့်အင်း မပြောတော့ဘူး"
နှုတ်ပိတ်သည့်ပုံစံလုပ်ပြလိုက်သည်။
လရိပ်၏အပြုအမူကြောင့်တိမ်၀လ္လာ၏မျက်နှာထက်၌အပြုံးတစ်ပွင့်ဖြစ်ထွန်းလာသည်ကိုတိမ်၀လ္လာကိုယ်တိုင်ပင်မသိလိုက်။"မမကပြုံးလိုက်ရင်အတော်လှတာပဲ"
"ဟင်!! "
"ငါ့ကိုဘာတွေလာပြောဦးမလို့လဲ အိပ်တော့"~လှကြောင်းလေးပြောလိုက်တာကိုလူကိုလာအော်ငေါက်နေတယ်
___________အချိန်စက်၀န်းများဟာတဖြည်းဖြည်းပြောင်းလဲသွားသည်နှင့်အတူရာသီဥတုများသည်လည်းနေရာအလိုက်ကူးပြောင်းကြသည်။
ယခုလည်းပူပြင်းလှစွာသောနွေရာသီကိုကုန်လွန်ကာစိုစွတ်လှသောမိုးကာလသို့ကူးပြောင်းပြန်သည်။
လရိပ်တစ်ယောက် ဆွေးနွေးပွဲမှပြန်ရောက်လာချိန်မှစ၍တိမ်၀လ္လာနှင့်အတတ်နိုင်ဆုံးမတွေ့အောင်ရှောင်၏။စကားပြောရလျှင်လည်းမုန့်ခိုးစားသည့်အကြောင်းပြောမိမည်စိုး၍အတတ်နိုင်ဆုံးထိန်းပြောသည်။
BẠN ĐANG ĐỌC
ရေစက်
Ngẫu nhiên"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}