ရေစက်(43)

650 45 2
                                    

"လရိပ်တောင်းပန်ပါတယ်နော်"
"လရိပ်ဖွင့်မပြောရဲခဲ့ .... "

လရိပ်စကားပင်ဆုံးအောင်မပြောနိုင်ခဲ့ဘဲ၀လ္လာ၏ခန္တာကိုယ်ကိုသာတင်းတင်းဖက်ထားမိသည်။

"လမင်းလေးကကိုယ့်ကိုမယုံဘူးပဲ"

"ရှင်!! "

"လမင်းလေး ကိုယ့်ကိုမယုံကြည်တော့ဘူး"

လရိပ်အားမကြည့်ပဲအခြားဆစ်ဖက်ကိုငေးလျက်ကြေကွဲသောအသံဖြင့်ပြောလာသော၀လ္လာ။

"မ .... မဟုတ်ပါဘူးမမရယ်"

"ဒါဆိုဘာလို့လဲဟင် ပြောလေ"

~ပြောပြချင်ပါတယ်မမရယ် ဒါပေမယ့်ပြောလို့မဖြစ်လို့ပါ

"ဘာလို့ဆွံ့အနေတာလဲ အဖြေမရှိဘူးလား"

ခေါင်းကိုသာငုပ်ထားမိသည်။ဖြေစရာမရှိ၍မဟုတ်။ဖြေ၍မရသောကြောင့်သာ။

"ကိုယ် အပြစ်တော့မပြောတော့ပါဘူး"
"စိတ်ထဲဘာမှမထားနဲ့နော် ဘာမှမဖြစ်ဘူးလမင်းလေး ကြားလား"

ခေါင်းကိုပွတ်သပ်လျက်ထိုသို့နှစ်သိမ့်စကားဆိုသည်။

"မမ"

"ပြောလေ"

"ချစ်တယ် အသက်ထက်မကကိုချစ်တယ်"

ထို့နောက်၀လ္လာ၏နှုတ်ခမ်းအားဖိကပ်နမ်းလိုက်သည်။
_______

၀လ္လာအားတင်းတင်းဖက်ထားသောခန္တာငယ်လေးသည်၀မ်းနည်းနေလေပြီ။သူမလေးစိတ်ထဲ၀မ်းနည်းသွားစေရန်မေးလိုက်ခြင်းတော့မဟုတ်။သိချင်စိတ်တို့ကိုမနေနိုင်စွာမေးမိခြင်းပင်။ထိုသို့သူမလေးကို၀မ်းနည်းစေမယ်မှန်းသိလျှင်ယောင်လို့တောင်မေးမည်မဟုတ်ပါလေ။

သို့သော်ဘယ်တတ်နိုင်မတုန်း။အခုတော့လမင်းငယ်လေးကငိုမဲ့မဲ့ဖြစ်နေပြီလေ။ထို့ကြောင့်လည်းနှစ်သိမ့်ကာ​စိတ်ဖြေသွားရန်ကြိုးစားနေခြင်းပင်။

ယခုမူကားမထင်ထားစွာချစ်ကြောင်းဦးစွာပြောလာပြီးနမ်းလာသည်။ပုံမှန်အားဖြင့်ဆိုလျှင်တော့အနမ်းများကိုတုန့်ပြန်မိလိမ့်မည်။သို့သော်လည်းမတုန့်ပြန်ဘဲငြိမ်ငြိမ်ကလေး သူမပြုစုသမျှကိုခံနေမိသည်။

ရေစက်Where stories live. Discover now