ရေစက်(15)

825 44 2
                                    

"သူကဆုံးသွားတာတစ်နှစ်ပြည့်တော့ပါမယ်ကွယ်"

နန်းရဲ့စကားဟာအဖျား၌၀မ်းနည်းမှုတွေကြောင့်တုန်ရီနေသည်ကိုလရိပ်သတိထားမိသည်။

~လရိပ်​စကားများမှားပြောမိပြီလား

နန်းနှင့်သူသူတို့၏မျက်နှာထက်၌အပြုံးများဟာဗလာနတ္တိ။အတော်၀မ်းနည်းနေသည်မှာမြင်ရသူတိုင်းအတွက်သိသာနေသည်။

"အဲ့သလောက်လည်း၀မ်းနည်းမနေကြပါနဲ့"

မတိမ်၀လ္လာကအရိပ်ခြေကိုသိ၍ပြောလိုက်သည်။

"ဟုတ်ပါတယ်လေ လရိပ်ကလူကောင်းတစ်ယောက်ပဲဟာ ကောင်းရာမွန်ရာမှာရှိလောက်ရောပေါ့"

မျက်ရည်စက်များကိုသုတ်ကာသူသူကပြောလိုက်သည်။

"ထားပါ ၀မ်းနည်းစရာတွေမပြောကြနဲ့တော့ပေါ့"
"ကိုယ်ကဒီခွဲစိတ်ဌာနရဲ့ဌာနမှူးပါ"

ပထမစကားပြောတုန်းကအထိကိုယ့်ကိုကိုယ် ကျွန်မ နှင့်သုံးနှုန်းနေသည့်မတိမ်၀လ္လာကအခုစကားပြောသည့်အခါ၌ ကိုယ်
နှင့်သုံးနှုန်း၍လရိပ်ကြောင်သွားရသည်။

"လိုတာတစ်ခုခုရှိရင်ကိုယ်ကူညီပေးမယ်"

"ဟုတ်ကဲ့ပါရှင် ကျွန်မတို့ကိုကူညီပေးမယ်မို့ကျွန်မတို့လည်း၀မ်းသာရပါတယ်"

~နန်းတို့အားနာနေတာပဲ

အတွင်းသိအဆင်းသိသူငယ်ချင်းမို့အားနာနေကြောင်းရိပ်မိသည်။

"ကိုယ့်ကိုအားမနာနေနဲ့နော် ကိုယ်ကမှန်လိုလူမျိုး"

"ဟင်!! ဘာကိုမှန်လိုလူမျိုးလဲ?? "

"မှန်ဆိုတာကိုယ်ပြုလုပ်တဲ့အပြုအမူတိုင်းရောင်ပြန်ဟပ်သလိုပဲလေ
ကိုယ့်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံရင်ကိုယ်လည်းကောင်းကောင်းမွန်မွန်ပြန်ဆက်ဆံတယ်"

"လိမ်တယ်ညာတယ်လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ်xxxxx"

"မိုးစန္ဒာ!!"

"ရှင်!! "

"မင်းဘာပြောတာလဲ"

" ရှင်!! လရိပ်ဘာမှမပြောပါဘူး သီချင်းညီးရုံပါ နားထောင်ကောင်းတယ်လေ"

ရေစက်Where stories live. Discover now