ရေစက်(34)

738 59 2
                                    

ဧကရီ ယနေ့ Ward အတွင်းလိုက်လံကြည့်ရှုစဥ်နန်းအားတွေ့လိုက်ရသည်။
နန်း၏နံဘေး၌၀ဏ္ဏသည်လည်းပဲရှိနေသည်။နန်း၏အနား၌၀ဏ္ဏရှိနေသည်ကိုသဘောမကျမိ။၀ဏ္ဏမှမဟုတ်။ကမ္ဘာပေါ်၌ရှိသောမည်သည့်ပုရိသရှိနေသည်ကိုမှသဘောမကျမိ။

"မနန်း ကျွန်တော့်ကိုအဖြေပြန်ပေးလေဗျာ"

နန်း၏လက်တစ်ဖက်အားကိုင်ကာမေးလာသည်။WARD အတွင်းရှိနေသည်မှန်းသိလျက်နှင့်နန်းအားနှောင့်ယှက်နေသော၀ဏ္ဏအားထိုးကြိတ်ချင်စိတ်များဖြစ်မိသည်။အတော်လည်းအတင့်ရဲပါဘိ။

"ဒီလိုနှောင့်ယှက်နေတာတွေများနေပြီနော်"

ကိုင်ထားသောလက်တစ်ဖက်အားရုန်းလိုက်ကာဒေါသမာန်အပြည့်နှင့်ပြောလာသည်။

နန်းကြည့်ရသည်မှာစိတ်ရှိတိုင်းပြောချင်သော်ငြားလူနာများကြောင့်စိတ်ထိန်းနေရသည့်ဟန်။

"ကျွန်တော့်ကိုငြင်းဖူးတဲ့ကောင်မလေးဆိုတာကျွန်တော့်ဘ၀မှာမရှိခဲ့ဖူးဘူး"

"ဒါဆိုနန်းကပထမဆုံးပေါ့"

"ဘာပဲဖြစ်နေပါစေ ကျွန်တော်ကရအောင်ယူတတ်တာ"

"နန်းကိုတော့အဲ့သလိုဘယ်တော့မှလုပ်လို့မရဘူး"

"ဒါဆိုကျွန်တော့်ကိုငြင်းရတဲ့အကြောင်းရင်းကိုပြောလေ"

"ဘာလို့လဲဆိုတော့နန်းကငါ့ချစ်သူမို့လို့ပေါ့၀ဏ္ဏရာ"

နန်း၏ခါးအားဖက်ကာဧကရီကပြောလာသည်။
ရုတ်တရက်ခါးကိုဖက်လာသောအထိအတွေ့ကြောင့်အလန့်တကြားဖြင့်ကြည့်လာသည်။

"မဖြစ်နိုင်တာဧကရီရာ"

"ငါနဲ့နန်းကချစ်သူတွေဆိုတာလေးတောင်သတိမထားမိလောက်အောင်တုံးနေခဲ့တာလား"
"နန်းကငါ့ချစ်သူမို့ငါက လို့ခေါ်တာပေါ့ အားတိုင်းငါကခေါ်စရာလား"

ဧကရီ့စကားကြောင့်နန်းတစ်ယောက်ပါးစပ်ကလေးဟလျက်ကြည့်နေသည်။

"ဒါကြောင့်မကနင့်ကိုငြင်းနေတာပေါ့၀ဏ္ဏရဲ့"

"ဟင်!! "

"ဒါကြောင့်အခုအကြောင်းရင်းသိပြီမလား နောက်ဆုတ်လိုက်တော့"

ရေစက်Where stories live. Discover now