ရေစက်(20)

816 48 1
                                    

ဧကရီဟာပြောချင်ရာပြောပြီးထွက်သွားပေမယ့်ကျန်ရစ်ခဲ့သူလရိပ်မှာတော့မေးခွန်းတစ်ခုဟာ၀င်လာသည်။

"ညကျရင်ဘာလုပ်ဖို့တွေ့မှာပါ
လိမ့်"
_____________

ညသို့ရောက်လာသည်။၆နာရီထိုးပြီဖြစ်၍လရိပ်ပြန်ရန်ခြေလှမ်းပြင်လိုက်သော်ငြား

"စန္ဒာ လာခဲ့ဟ"

ပန်းခြံထဲရှိ၀ိုင်းများကြားထဲမှတစ်၀ိုင်း။ထို၀ိုင်းတွင်ထိုင်ကြသူများမှာမိုးစန္ဒာ၏သူငယ်ချင်းဖြစ်သူများပင်။

~ဘာဖြစ်လို့ပါလိမ့်

ထို၀ိုင်းထံသို့လျှောက်သွားလိုက်သည်။
ထို၀ိုင်း၌သောက်စရာယမကာမျိုးစုံရှိနေလေသည်။

"စန္ဒာ နောက်တစ်ခေါက်ကျရင်
နင့်ဦးလေးကိုပြောလိုက် နောက်တစ်နှစ်ဆေးရုံ anni ကျရင်ဆေးရုံထဲမှာဘဲလုပ်လို့"

ဖြိုးပိုင်ဟာသူ့ခွက်ကိုသောက်ရင်းပြောလာသည်။
သူပြောမှလရိပ်သိရသည်။
ဒီနေ့ဆေးရုံ anni တဲ့လား။

လရိပ်ပြန်ရန်လုပ်သော်လည်းရူဘီတို့ကဆွဲထားကြ၍မပြန်ဖြစ်။ထိုသို့ဖြင့်အချိန်ဟာ ၇ နာရီခွဲ။

လူဟာတဖြေးဖြေးများလာသလိုလရိပ်အိမ်ပြန်မယ့်အချိန်ဟာလည်းတဖြေးဖြေးနောက်ကျလာတယ်။
ပြန်ရန်လုပ်သည့်အချိန်ကျ အတင်းယမကာတိုက်သည်မို့မသောက်ဘဲငြိမ်ငြိမ်ကလေးသာနေရသည်။

သိပ်မကြာ နန်းနှင့်သူသူကိုလူအများကြားထဲမှတွေ့လိုက်ရသည်။
သူတို့နှစ်ယောက်ဟာမမ(တိမ်၀လ္လာ)နှင့်သူနာပြုခေါင်းဆောင်ဆုလင်းနွေတို့၀ိုင်း
၌ထိုင်ကာနေနေကြသည်။

"စန္ဒာရယ် ယူဘာမှမသောက်ရင်တောင်အချိုရည်လေးဖြစ်ဖြစ်သောက်သင့်တယ်"

တစ်ချိန်လုံးမတိုက်ဘဲနေလာ
သည့်ရူဘီကထိုသို့ဆိုလာသည်။

~အရက်မသောက်ရင်တောင်အချိုရည်တော့သောက်လို့ရပါတယ်လေ

ရူဘီ​ပေးလာသည့်အချိုရည်ကိုယူကာသောက်လိုက်သည်။
ထိုခွက်ကိုသောက်နေစဥ်လရိပ်မသိခဲ့သည်မှာအချိုရည်သက်သက်ထည့်ထားခြင်းမဟုတ်ဘဲအရက်ရောထားသည်ကိုပင်။

မိုးစန္ဒာမှာတော်ရုံနှင့်ရေချိန်မကိုက်သော်လည်းတစ်ခါမှမသောက်ဖူးသောလရိပ်ချိုမှာတော့တစ်ခွက်တည်းနှင့်ပင်မူးနေလေပြီ။

"ရူဘီ အခုလေ ခေါင်းထဲမှာပြိုင်ကားတွေပတ်မောင်းနေသလိုပဲ"

"စန္ဒာ ယူဒီလောက်တည်းနဲ့ရေချိန်ကိုက်နေပြီလား"

ရူဘီကအံ့သြတကြီးမေးလာသည်။

"မူးလိုက်တာ"

ခေါင်းကိုဖိကာပြောလာသည်။

"နန်းတို့ကောဘယ်မှာလဲဟင်"

"စန္ဒာ နင်အဆင်ပြေရဲ့လား"

"ဘယ်ကစန္ဒာ စန္ဒာမဟုတ်ဘူး လရိပ် လရိပ်ချို"

ကိုယ့်ကိုကိုယ်လက်ညှိုးဖြင့်ထိုးကာပြောလာသည့်လရိပ်၏ပုံစံမှာချစ်စဖွယ်။

"စန္ဒာ နင်မူးနေပြီထင်တယ်"

လက်ကိုတွဲရန်ပြင်လာသည့်ဖြိုးပိုင်နှင့်၀ဏ္ဏလက်ကိုဖယ်ကာ

"စန္ဒာမဟုတ်ပါဘူးဆို ဘာလည်းမသိဘူး နန်းနဲ့သူသူကောဟင်"

ကလေးတစ်ယောက်သဖွယ်မေးလာသည်။

"သြော် ဟိုးမှာပဲ နန်းနဲ့သူသူရေ လရိပ်လာပြီ"

မယိုင်တယိုင်လေးဖြင့်နန်းနှင့်သူသူတို့ရှိရာ၀ိုင်းသို့ထွက်သွားလေသည်။

*************
တောင်းပန်ပါတယ်နော်။Win အိမ်ကိစ္စလေးကြောင့်ဒီအထိပဲတင်တာပါ။မနက်ဖြန်မှဆက်တင်ပေးပါ့မယ်။ဖတ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။

အမှားပါရင်ခွင့်လွှတ်ပေးကြပါ

ရေစက်Where stories live. Discover now