ရေစက်(End)

1.5K 50 3
                                    

၀လ္လာပြန်သွားသည့်အချိန်မှစ၍လရိပ်စိတ်ရှုပ်နေရသည်။မတွေ့အောင်ရှောင်ပါသည်ဆိုမှရအောင်ပင်ရှာတွေ့နိုင်လောက်အောင်၀လ္လာကံကောင်းသည်လား သို့မဟုတ် တိုက်ဆိုင်လွန်းသည်လား။ဒါမှမဟုတ်ရေစက်များလား။
ဒါသာရေစက်တစ်ခုသာဆိုထိုရေစက်ကိုဖြတ်ပစ်ချင်ပါပြီ။

"အမေ့ .... "

ရုတ်တရက်ပုခုံးထက်ရောက်လာသောလက်တစ်စုံကြောင့်လန့်ကာအော်မိခြင်းပင်။
'ဘာတွေဒီလောက်တွေးနေတာလဲလရိပ်'

"ဘာမှမဟုတ်ပါဘူးမမမြိုင်ရယ်"

'လရိပ်မှာစိတ်ညစ်စရာများရှိနေသလား ရင်ဖွင့်ချင်ဖွင့်လို့ရတယ်နော်'
'စိတ်ပြေသွားအောင်ပေါ့'

မမမြိုင်သည်သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာကိုမစပ်စုလို။ယခုလည်းရင်ထဲပေါ့ပါးသွားစေရန်မေးခြင်းပင်။

"မမမြိုင် နေ့လယ်ကလာတဲ့တစ်ယောက်ကလေ လရိပ်ရဲ့ချစ်သူပါ"
"မမမြိုင်စိတ်ညစ်သွားသလား"

'ဟင့်အင်း မဖြစ်ရပါဘူး ဒီအတိုင်းအံ့သြသွားရုံပါ'

"လရိပ်ကမမအနားကနေထွက်လာတာလေ"
"ဒါပေမယ့်မမကြည့်ရတာလရိပ်မရှိရင်အဆင်မပြေသလိုပဲ"

'လရိပ် သူ့ကိုစိတ်ပူသလား'

"ပူတာပေါ့မမမြိုင်ရယ်"

'သူ့ကိုကောပျော်ရွှင်စေချင်သလား'

"ပျော်ရွှင်စေချင်တာပေါ့"

'ဒါဆိုဘာလို့သူ့အနားမပြန်သွားတာလဲ'

"ဒါဆိုလရိပ်ပြန်သွားသင့်သလား"

မြိုင်ကခေါင်းငြိမ့်ပြသည်။
"ဒါပေမယ့်မမမြိုင်ရယ် လရိပ်မမအနားပြန်သွားရင်နောင်တစ်ချိန်လရိပ်မရှိတော့ရင်ဘယ်လိုနေမလဲ"

'အနာဂတ်ကိုမတွေးပါနဲ့ဦး ပစ္စုပ္ပန်ကိုပဲကောင်းကောင်းဖြတ်သန်း'
------------
မမမြိုင်၏အားပေးစကားကြောင့်လရိပ်ပြန်လာခဲ့ခြင်းပင်။ခွဲခွာရသောအချိန်တစ်ခဏလေးမှာပင်မျက်နှာလေးမှာချောင်ကျသွားသည်။
"တောင်းပန်ပါတယ်နော်မမ"

"ဟင့်အင်း လမင်းလေးပြန်လာတဲ့အတွက်တင်ကျေးဇူးတင်ပါပြီ"

"ချစ်တယ်မမ"
ခန္တာကိုယ်အားတင်းတင်းဖက်ကာဆိုမိသည်။မမမြိုင်ပြောသကဲ့သို့ပင်လက်ရှိအချိန်ကိုအကောင်းဆုံးအသုံးချသွားပါမည်။
------------
"လမင်းလေးရေ ပြီးပြီလား"

ရေစက်Where stories live. Discover now