ရေစက်(8)

746 39 0
                                    

"စန္ဒာ အရင်တုန်းကစန္ဒာ့မှာရှိတဲ့ကားကိုမကြိုက်ဘူးလေမှတ်မိလား"

~သူပြောတာမာစီးဒီးကားကိုပြောတာပဲ

"မှတ်မိတယ်ဧကရီ"

"အဲ့ကားကိုစန္ဒာကမစီးချင်ဘဲဦးမြင့်အောင်ရဲ့ကားကိုပဲစီးချင်တယ်လေ"
"ဦးမြင့်အောင်ကလည်းကားကုမ္ပဏီပိုင်ရှင်မို့စန္ဒာကကပ်တယ်"

~မိုးစန္ဒာကပိုင်းလုံးမလားဟ

"ဦးမြင့်အောင်ကစန္ဒာ့ကိုချစ်သွားတယ်လို့ပဲပြောရမလား ဒါမှမဟုတ် စွဲလမ်းသွားတယ်လို့ပဲပြောရမလား စန္ဒာမှစန္ဒာပဲဖြစ်နေရော"

လရိပ်တစ်ယောက် ဘာမှမပြောနိုင်ဘဲတိတ်တိတ်ကလေးနားထောင်မိသည်။

"နောက်တော့စန္ဒာကဦးမြင့်အောင်မှာအိမ်ထောင်ရှိတယ်ဆိုတာသိသွားပြီးအဲ့အကြောင်းပြချက်နဲ့ပဲရှောင်သွားတာ"

"ဒါဆိုဧကရီ ရှင်းအောင်မေးပါရစေ မိုးစန္ဒာကဦးမြင့်အောင်ဆီကကားကိုယူပြီးရှောင်ပြေးတာပေါ့ ဟုတ်သလား"

"အင်း ဟုတ်တယ်"

"လ ... ကိုဦးမြင့်အောင်ရဲ့မိသားစုနဲ့တွေ့ခွင့်ရအောင်လုပ်ပေးပါလားဟင်"

"နင်ရူးနေလား ဟိုကနင့်ကိုတွေ့တာနဲ့ပါးရိုက်မလားမသိဘူး

"စိတ်မပူပါနဲ့ တွေ့လို့ရအောင်ပဲစီစဥ်ပေးပါ"

"မကူညီဘူး ငါအလုပ်ရှုပ်တယ်"

"အယ် ဧကရီရယ် ကူညီပေးပါနော်😚"

"အင်းအင်း ကူညီပေးမယ် အခုဖုန်းဆက်ပေးမယ်"

လရိပ်မျက်လုံးပင်ပြူးသွားသည်😳။အခုတဲ့လား။

"ဟယ်လို"

"ဟယ်လို အစ်မကဒေါ်ခင်မျိုးလားရှင့်"

"ဟုတ်ပါတယ် ဘာကိစ္စရှိလို့ပါလဲ"

"အစ်မအမျိုးသားနဲ့ပတ်သက်တဲ့ကိစ္စအချို့ဆွေးနွေးချင်လို့ပါ"

လရိပ်အံ့သြသွားသည်။
~သူ့မှာဘယ်လိုလုပ်ဖုန်းနံပါတ်ရှိတာပါလိမ့်

"ကျွန်မမှာသူနဲ့ပတ်သက်ပြီးဆွေးနွေးစရာမရှိဘူး"

"ဖုန်းတော့မချပါနဲ့"

ရေစက်Where stories live. Discover now