ရေစက်(18)

802 53 1
                                    

လရိပ်ထိုနေရာ၌မည်မျှကြာကြာငိုနေမိသည်လည်းမသိတော့။

အခုချိန်ဧကရီကောင်းမည်ဟုတွေးမိသည်။ဧကရီသာဆိုသူ့ကိုနှစ်သိမ့်ကောင်းနှစ်သိမ့်နိုင်ရဲ့။
မိသားစုထံသို့တစ်ပတ်ခွင့်ယူကာပြန်သွားသောဧကရီကိုလရိပ်သတိရမိပါသည်။
ဧကရီဟာသူငယ်ချင်းကောင်းတစ်ယောက်မဟုတ်ပါလား။

ငိုရာမှရပ်ကာထလိုက်သည်။အတော်ငိုခဲ့သည်နှင့်တူရဲ့။ထလိုက်သည့်အခါခေါင်းမှာမိုက်ခနဲဖြစ်သွားသည်။

"စန္ဒာ!! ယူ့ကိုတို့ဖြင့်ပြန်သွားပြီထင်တာ"

နောက်ကျောဘက်မှရူဘီ့အသံကိုကြားလိုက်ရသည်။

"ယူငိုထားတာလား"

ရူဘီ့အမေးကိုလရိပ်မဖြေမိ။ခေါင်းလည်းမငြိမ့်သလိုခေါင်းလည်းမခါမိ။

"ယူ့ကိုငိုအောင်ဘယ်ကောင်လုပ်တာလဲ"

ဒီလိုကျပြန်တော့ရူဘီဟာသူငယ်ချင်းကောင်းတစ်ယောက်ပင်။

"ဘယ်သူမှမလုပ်ပါဘူး"

"သေချာလို့လားစန္ဒာ တို့ကိုအားမနာနဲ့ ပွင့်ပွင့်လင်းလင်းသာပြော"

လရိပ်ပြုံးမိသည်။

~မိုးစန္ဒာလည်းသူငယ်ချင်းကောင်းတွေပိုင်ဆိုင်ထားတာပဲ ဒါပေမယ့်လရိပ်ကတော့အခုသူငယ်ချင်းကောင်းတွေကိုမပိုင်တော့ပါလား

"တကယ်ပါရူဘီရယ် ဘာမှမဖြစ်ဘူး"

"ဒါနဲ့သူ .... အဲလေသူသူရော"

ငိုရသည့်အကြောင်းရင်းတစ်ခုကိုမှတည့်တည့်လာမေးသောရူဘီကြောင့်လရိပ်မျက်ရည်၀ဲလာသော်လည်းအတတ်နိုင်ဆုံးထိန်းလိုက်သည်။

"ဘာလို့သူသူ့ကိုမေးတာလဲဟင်"

"ဒီတိုင်းပါပဲ ဘာမှမဟုတ်ဘူး ဒါနဲ့ယူပြန်တော့မှာလား"

ရူဘီပြောမှလရိပ် လက်ပတ်နာရီကိုပြန်ကြည့်မိသည်။အချိန်က ၉ နာရီခွဲ။

"နောက်ကျနေပြီပဲ"

"ယူတစ်ယောက်တည်းအရင်ကလိုပြန်ဖို့လား"

"ပြန်ဖို့အခက်တော့တွေ့တယ်
ရူဘီရယ်"

"ဒါဆိုတို့ကားနဲ့လိုက်ခဲ့လိုက်လေ"

ရေစက်Opowieści tętniące życiem. Odkryj je teraz