ရေစက်(12)

829 49 0
                                    

ဆွေးနွေးပွဲဟာအချိန်အတော်ကြာသွားခဲ့သည်။ဟောပြော
သည့်အကြောင်းရာကနည်းနည်း မိန့်ခွန်းပြောသည်ကများများမို့ကြာနေခြင်းပင်။
ဆွေးနွေးပွဲပြီးဆုံးသွားပြီးနောက်လရိပ် နန်းနှင့်သူသူကိုမျက်စိကစားကာလိုက်ရှာမိသေးသည်။သို့သော်မတွေ့။
ဟောပြောပွဲပြီးသည်နှင့်ဟိုတယ်၌နားကာမနက်ဖြန်ပြန်ရေးအတွက်ပြင်ဆင်ကြရသည်။
Highway လမ်းတစ်လျှောက်လရိပ်ငြိမ်သက်စွာ။

နေ့လည်စာစားအပြီးညနေခရီးဆက်နေရင်းလရိပ် ဈေးသည်တန်းကြီးကိုတွေ့လိုက်ရသည်။

"ခဏလောက်ရပ်ပေးပါလား"

"ဘာဖြစ်လို့လဲ"
ကားကိုရပ်ကာမေးလိုက်သည်။

"ခဏလောက်နော်"

ကားပေါ်မှဆင်းသွားသည်။

"အန်တီ ခေါက်မုန့်ကတစ်ခုဘယ်လောက်လဲဟင်"

"တစ်ခုကို၁၅၀သမီး"

"သြော် ဟုတ် ဒါဆိုလရိပ်ကိုအခု၂၀လောက်ထည့်ပေးပါနော်"

"အခု၂၀ကြီးများတောင် သမီးဘာလုပ်ဖို့လဲ"

"စားဖို့ပါအန်တီ ပူပူလေးပဲလုပ်ပေးပါနော်"

"အေးအေးသမီး"

တိမ်၀လ္လာတစ်ယာက် လရိပ်ကိုစောင့်နေသည်။

~ကြာလိုက်တာ ဘာလို့ဒီလောက်ကြာနေရတာလဲ

စိတ်မရှည်နိုင်စွာကားပေါ်မှဆင်းလာသည်။

"ဘာလို့ဒီလောက်ကြာနေတာလဲ"
လေသံမာမာနှင့်မေးလိုက်သည်။

ထိုအခါထိုင်နေရင်းမုန့်ကိုငေးနေသောခေါင်းကလေးမှာအပေါ်သို့မော့ကြည့်လာသည်။

"မုန့်စောင့်နေတာ"

မျက်လုံးလေးကလယ်ကလယ်
နှင့်ပြောလာသောထိုမျက်၀န်းကိုတိမ်၀လ္လာစူးစိုက်ကြည့်မိသည်။

~သူ့မျက်လုံးတွေအတိုင်းပဲ ဒါပေမယ့်မိုးစန္ဒာကသူမဟုတ်လောက်ဘူး

"မုန့်စောင့်နေတာအဲ့သလောက်ကြာစရာလား"

"ရော့သမီး အခု၂၀"

'အခု၂၀'ဟူသောစကားကြောင့်တိမ်၀လ္လာမျက်လုံးပြူးသွားသည်။

ရေစက်Where stories live. Discover now