ရေစက်(44)

639 45 2
                                    

"သူ ဘယ်လိုဖြစ်သွားတာလဲဆုလင်းရာ ငါ့ကိုပြောပါဦး"

"၀လ္လာရယ် စိတ်တင်းထားစမ်းပါ"

"လရိပ်ဘယ်လိုဖြစ်သွားတာလဲနန်းရယ် သူသူဖြင့်အင်မတန်အံ့စြလွန်းလို့"

"နန်းလည်းမပြောတတ်တော့ပါဘူး"

အားပြတ်မိသည်။လရိပ်၏ အပြုအမူကြောင့်နန်းတို့အားလုံးအံ့အားသင့်ရသလိုအားပြတ်မိပါသည်။
_________

ခြေလှမ်းများသည်ယိုင်နဲ့နေပြီဖြစ်သော်လည်းအတတ်နိုင်ဆုံးထိန်းကာထွက်လာခဲ့သည်။၀လ္လာငိုသည်ကိုမကြည့်နိုင်ပါ၊မကြည့်ရက်ပါ။သို့သော်၀လ္လာကောင်းစားရေးအတွက်ထိုသို့ပြုလုပ်မှရပေလိမ့်မည်။လရိပ်၏အပြုအမူကြောင့်နန်းတို့အထင်သေးကောင်းသေးသွားနိုင်သလိုမုန်းတီးကောင်းမုန်းတီးနိုင်တယ်။ဒါပေမယ့်လည်းမတတ်နိုင်ပါ။လူအများနှင့်​ေ၀းရာတစ်နေရာသို့သွားကာစိတ်ထဲတင်းထားသမျှကိုငိုခြင်းဖြင့်ဖြေလျှော့မိသည်။

ဘာကြောင့်ပါလဲ။ဘာကြောင့်ကံကြမ္မာကလရိပ်အပေါ်ရက်စက်ရတာပါလဲ။နန်းတို့အများမသိသည့်အကြောင်းအရာတစ်ခု လရိပ်၌ရှိနေလေပြီ။
-----------
လရိပ် Taxi တစ်စီးငှားကာအိမ်သို့ပြန်လာလိုက်သည်။

{ရိပ်ရဲ့ကားကလူနာတွေကိုလှူဖို့အတွက်ရောင်းလိုက်တဲ့အတွက်မရှိတော့ပါ}

ထိုည၌ ၀လ္လာပြန်မလာပါ။လရိပ်အထင်မှာမုန်းတီးသွား၍မလာတော့ခြင်းဖြစ်သော်ငြားစင်စစ်တွင်မူမဟုတ်ပါ။၀လ္လာသည်ထိုအပေါ်ထပ်နေရာ၌စားသောက်ရန်ပြင်ဆင်ထားသော alcoholများကိုသောက်ကာ၀မ်းနည်းနေသမျှကိုဖြေလျှော့နေခြင်းပင်။
-------------
ဒီနေ့မနက်ထသည့်အခါခေါင်းကကိုက်လာသည်။ညကအတော်ငိုခဲ့ ၍ဖြစ်မည်။မျက်၀န်းများမှာလည်းအစ်လို့။ဒီနေ့ဆေးရုံမသွားချင်သော်လည်းသွားရပေဦးမည်။ဒီနေ့တစ်ခေါက်သွားပြီးလျှင်တော့သွားရန်မလိုအပ်တော့ပါလေ။
------------
"ဦးလေး"

"ဟေးတူမလေး လာလေ"

ထိုင်ခုံထက်တွင်ထိုင်ပြီးနောက်
"ဆေးရုံကထွက်ချင်လို့ပါ"

ရေစက်Where stories live. Discover now