ရေစက်(38)

661 51 3
                                    

"အဲ့တုန်းကသိလား တကယ်ပြောတာ ၀ဋ်လည်တယ်လို့ပဲပြောရမယ်"

"အစ်ကိုရယ် ဖြစ်လိုက်တာကြီးကလည်းအဆန်းနော်"

"အင်း အဲ! ဒါနဲ့မိုးလည်ပင်းမှာအရာကြီး"

"ဟုတ်လားအစ်ကို မနက်ကတောင်မတွေ့လိုက်ဘူးရယ်"

မနက်ခင်းပြင်ဆင်ချိန်အထိလရိပ်အမှန်တကယ်မတွေ့မိပါ။မမြင်တွေ့သည်လား သတိမထားမိသည်လား မရှိခဲ့သည်လားတေ့မသိ။

လရိပ်ကို၀လ္လာကဆေးရုံရှိကားပါကင်အတွင်း၌၌နမ်းခဲ့သေးသည်လေ။

"ဒီလိုအရာကဟိုလိုအခြေအနေတွေမှဖြစ်တာလေ မဟုတ်မှလွဲရော .... "

"ဘာကိုလဲ"

"မိုး တစ်ယောက်ယောက်နဲ့များ"

"အမှန်တိုင်း၀န်ခံရရင်တော့မမနဲ့ကချစ်သူတွေဖြစ်သွားကြတော့ ... "

"မမဆိုတာ ... "

"ဌာနမှူးတိမ်၀လ္လာလေ"

"အဲ့တာကြောင့်အဲ့တုန်းကငြင်းတာကိုး"

"ဟဲ ဟဲ အဲ့တုန်းကတော့အဲ့လိုပေါ့အစ်ကိုရယ်"

"ဟုတ်တယ်နော်"

လရိပ်နှင့်ဇွဲတို့နှစ်ဦးအဖြစ်ပျက်များကာပြောကြကာရယ်မောကြသည်။

သူတို့နှစ်ဦးရယ်မောစွာပြောဆိုနေကြသော်ငြားတစ်နေရာရှိသူတစ်ယောက်သည်ထိုမြင်ကွင်းအားမနှစ်မြို့ခဲ့။

တောက်!!

ပြင်းထန်လှသောတောက်ခေါက်မှုနှင့်အတူထိုနေရာမှရှောင်ထွက်လာသူတစ်ဦး။ထိုသူကား
တိမ်၀လ္လာပင်။

"ဪ ဟိုမှာဌာနမှူးပဲ ပြောရင်းဆိုရင်းရောက်လာတာအသက်တော့ရှည်ဦးမယ်"

မြန်ဆန်လှသောခြေလှမ်းများစွာနှင့်ထွက်သွားနေသော၀လ္လာအားတွေ့လိုက်၍ဇွဲထိုသို့ပြောလိုက်ခြင်းပင်။

"ဟုတ်လား ဘယ်မှာလဲ"

~မမကဘာလို့လရိပ်ကိုမခေါ်ရတာလဲ ဘာများဖြစ်လို့ပါလိမ့်

"ဌာနမှူးကိုကြည့်ရတာတစ်ခုခုကိုစိတ်တိုနေသလိုပဲနော်"

ဟုတ်ပါသည်။၀လ္လာ အတော့်ကိုစိတ်ဆိုးဒေါသထွက်နေပါသည်။ထိုအခြင်းအရာကိုနားလည်သဘောပေါက်သောလရိပ်က

ရေစက်Where stories live. Discover now