ရေစက်(32)

787 94 4
                                    

"ဖြေပါလရိပ်ရယ် ကိုယ့်ကိုချစ်လားဟင်"

"လ .... လရိပ် .... "

လရိပ်မည်သို့ဖြေရမည်လဲမသိပါ ကိုဇွဲအလှည့်ကကဲ့သို့စိတ်ညစ်ခြင်းများ၊စိတ်ကသိကအောက်ဖြစ်ခြင်းများလည်းမရှိပါ။
ထို့ပြင်လရိပ် မိမိကိုယ်ကိုပို၍အံ့သြရသည်ကလရိပ်ထိုစကားကိုစောင့်ဆိုင်းနေခဲ့မိသည့်အတွက်ပင်။

အကြောင်းရင်းအားရေရေရာရာမသိသော်ငြားမမထံမှ 'ချစ်တယ်' ဟူသောစကားကိုစောင့်ဆိုင်းနေခဲ့သည်။

"လရိပ်ခဏလောက်စဥ်းစားပါရစေမမ"

"ရတာပေါ့လရိပ်ရယ် ခဏဆိုတော့၃စက္ကန့်လား တစ်မိနစ်လား"

"အဲ့လောက်တော့မဟုတ်ဘူးလေ"

"ပြောတော့ခဏဆို"

"ခဏတော့ဟုတ်ပါတယ် ဒါပေမယ့်အဲ့သလောက်တော့မနည်းဘူးလေ"

"လရိပ်ရယ် လရိပ်ပြောရမှာဆိုလို့ ရိပ်လည်းမမကိုချစ်ပါတယ် ပါပဲ ဒါမှမဟုတ်လည််း ချစ်တယ် လို့တစ်ခွန်းလေးပဲပြောလိုက်ရုံပဲ"
"၁စက္ကန့်လောက်ဘဲရှိတာပါ"

အချိန်တောင်းသည်ကိုပင်ဈေးဆစ်နေသော၀လ္လာကြောင့်လရိပ်ဖြေရခက်လေပြီ။

"လရိပ် အဖြေတစ်ခုကိုတိတိကျကျသိရတဲ့အချိန်ထိစောင့်ပေးလို့ပြောတာလေမမရဲ့"

"သြော် အင်းပါ ကိုယ်စောင့်ပေးပါ့မယ်"

"ဟုတ်မမ လရိပ်သွားလိုက်ဦးမယ်နော်"

"နေဦးလရိပ်"

၀လ္လာ့၏စကားကြောင့်လျှောက်လှမ်းနေသောခြေထောက်တစ်စုံဟာရပ်တန့်သွားသည်။

"ချစ်တယ်နော်"

၀လ္လာသည်ထိုစကားကိုပြောပြီးသူမ၏ရုံးခန်းထံသို့ပြန်သွားသည်။

ကျန်ခဲ့သည့်လရိပ်မှာမူ တွေတွေကလေးရပ်ကြည့်ကာကျန်ခဲ့တော့သည်။

~အို လရိပ် ချက်ချင်းအဖြေပြန်ပေးလို့မဖြစ်ဘူးလေ

အရှက်အကြောက်ကြီးမားသောလရိပ်တစ်ယောက်မူယာမာယာများကာအချိန်ဆွဲထားလေတော့သည်။
___________

ရေစက်Where stories live. Discover now