ရေစက်(36)

945 53 5
                                    

"၀မ်းသာပါတယ် အခြားသူတွေနဲ့"

နီနီခင်ဇော်၏အလကားပဲဟူသောသီချင်းကိုနန်း အနမ်းခံသည့်အကြောင်းပြောင်းလဲဆိုရန်လရိပ်နှင့်သူသူတို့နှစ်ဦးကြိုးစားကြသည်။

"တစ်ခြားတစ်ယောက်နဲ့နမ်း"

"တော်ကြပါတော့ကွယ် နန်းတောင်းပန်ပါတယ်"

"ဘယ့်နှယ်ရှိစဒေါ်နန်းလှစံ လရိပ်တုန်းကစခဲ့တာနန်းမဟုတ်တဲ့အတိုင်း"

"အဲ့တုန်းကအတွက်ရော အခုအတွက်ရော တောင်းပန်ပါတယ်ကွယ် နော်"

"သူသူ နန်းကိုမပြောတော့ဘူးလား"

လရိပ် သူသူအားမေးလိုက်သည်။

"ဒီလောက်စလို့​ကောင်းတာကြီးကိုသူသူကလက်လွှတ်စရာလား"

သူသူ၏စကားကြောင့်နန်းမှာနှုတ်ခမ်းဆူလျက်။

"လရိပ်"

မှားစရာပင်မရှိနိုင်သောထိုအသံ။

"ဟုတ်ကဲ့မမ"

"လရိပ်အလုပ်မရှိတော့ဘူးမလား"

အမှန်ဆိုလျှင်ယနေ့ အလုပ်ကိုမရှိတာပါ။တစ်ယောက်တည်မနေချင်သည်ကတစ်ကြောင်း၊နန်းနှင့်သူသူအားပြောပြချင်သည်ကတစ်ကြောင်းကြောင့်သာဆေးရုံသို့လာလိုက်ခြင်းပင်။

"ဟုတ်"

"ဒါဆိုအိမ်ပြန်ကြစို့"

"ဟုတ်ကဲ့ တာ့တာနော်နန်းနဲ့သူသူ"

"ချစ်သူရှေ့ကျတော့တေယ်တော်ပျော်နေတယ်ပေါ့"

"ဟီးဟီး"
_____________

ညနေခင်းတစ်ခု ......

ပုစွန်ဆီရောင်သန်းနေသောကောင်းကင်ကြီးထက်၀ယ်ငှက်ကလေးများပျံသန်းနေကြပုံမှာကြည်နူးဖွယ်ကောင်းလှသည်။

"မမ ဘာတွေဒီလောက်ကြည့်နေတာလဲ"

ကောင်းကင်အားလွမ်းဆွေးစွာငေးမောကြည့်ရှုနေသော၀လ္လာအားမေးလိုက်သည်။

"ဒီတိုင်းပါပဲ ရေချိုးပြီးပြီလား"

"ဟုတ် ပြီးသွားပြီ"
"မမ ဘာလို့ဒီလောက်တောင်ကြည့်နေတာလဲ"

လရိပ်အားမျက်လုံးမခွါစတမ်းကြည့်နေသော၀လ္လာအားမေးလိုက်သည်။

ရေစက်Where stories live. Discover now