တီးတောင် ... တီးတောင် ...
တံခါးဘဲလ်တီးသံကြား၍ လရိပ်တံခါးကိုဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်သောအခါတွေ့လိုက်ရသည်မှာကောင်မလေး တစ်ဦး။အသားအရောင်ကညိုညိုကလေးဖြစ်သော်လည်း၀င်းလဲ့နေသောကြောင့်နှစ်လိုဖွယ်ဖြစ်နေသည်။ဆံပင်တွေဟာကျောအောက်လောက်ထိရှည်လျားပြီးအနည်းအကျဥ်းကော်ဖီရောင်ဆိုးထားသည်။နှုတ်ခမ်းသားများကိုရဲနေအောင်ဆိုးထားသည်ကသူမ၏ဆွဲဆောင်မှုတစ်မျိုးပင်။
လရိပ် သူမကိုကြည့်နေစဥ်မှာဘဲသူမဟာပိုင်စိုးပိုင်နင်းနဲ့အိမ်ထဲ၀င်လာသည်။
~ခွင့်တောင်မတောင်းဘဲအမြဲ၀င်နေကြတာလား
"စန္ဒာ နင်ထူးဆန်းနေသလိုပဲ"
~အခုပဲအိမ်ထဲ၀င်ရသေးတယ် သတိထားမိသွားတာလားဟ
"မထူး ... မထူးဆန်းပါဘူးဟာ"
"ဟုတ်လို့လား ငါကြည့်တာတော့နင်ထူးဆန်းနေတယ်"
"မဟုတ်ပါဘူးဟ နင်စိတ်ထင်လို့ပါ"
"ဟုတ်တယ် သေချာသွားပြီ နင်ထူးဆန်းနေတယ်"
~ဟမ် ဘယ်လိုတောင်သတိထားမိသွားတာလဲ
"ဘာကြောင့်ဒီလိုထူးဆန်းနေတယ်လို့ပြောတာလဲ"
"ပထမတစ်ချက် နင်မ၀တ်စဖူးထမီတွေ၀တ်နေတယ်"
~ဟိုက် အဲ့သလိုမှန်းသိရင်ထမီမ၀တ်ပါဘူး ဘောင်းဘီပဲ၀တ်တာပေါ့
"ဒုတိယတစ်ချက် အိမ်သန့်ရှင်းရေးတွေလုပ်ထားတယ်"
~ဘာလဲဟ မိုးစန္ဒာကတစ်ခါမှမလုပ်ဘူးလား
"တတိယတစ်ချက် နင်အရင်ကပြောရင် တို့ တို့ ယူ တို့နဲ့ဘဲပြောနေတာလေ"
~သေလိုက်ပါတော့လရိပ်ချိုရယ် နင်ဒီအမှုစစ်နဲ့တင်သေပြီပဲ
"အဲ့ဒါကဒီတိုင်း .... "
"ထားလိုက်တော့ နင်ဘယ်တော့ဆေးရုံပြန်လာမလဲ"
ပြောနေတဲ့စကားကိုဖျက်ချပြီးကိိုယ်ပြောချင်ရာပြောတဲ့ဧကရီကြောင့်လရိပ်တစ်ယောက်စိတ်ညစ်မိသော်လည်း 'ဆေးရုံ' ဆိုတဲ့စကားကြောင့်စိတ်ညစ်မှုတွေဟာပျောက်ပြီးလန်းဆန်းသွားပြန်တယ်။
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}