ရှင်းလင်းခြင်း

582 20 0
                                    

အခုဆိုရင်တော့ 'ရေစက်' ဆိုတဲ့ဒီဇာတ်လမ်းလေးဟာလည်းပြီးဆုံးသွားပါပြီ။ရေစက်ဇာတ်သိမ်းပိုင်းကိုဖတ်ခဲ့ကြသူတွေအနေနဲ့လရိပ်သေသွားလို့ se ဖြစ်သွားတဲ့အတွက်စိတ်ထဲဒွိဟဖြစ်နေကြမယ်လို့ထင်ပါတယ်။

လရိပ်ကသေဆုံးပြီးသားလူတစ်ယောက်ဆိုတာ advertisment မှာထည့်ထားတဲ့အတွက်သိထားကြမှာပါ။ပြီးတော့လရိပ်ကသူမရဲ့အမွှာအစ်မဖြစ်တဲ့မိုးစန္ဒာရဲ့ခန္တာထဲမှာနေပြီးလူ့ပြည်မှာရှင်သန်နေခဲ့တာပါနော်။နှစ်ကိုယ်ခွဲမဟုတ်ရပါဘူး။

လရိပ်သေသွားတယ်ဆိုတာကလည်းလရိပ်လူ့ပြည်မှာနေခွင့်မရတော့တာပါ။ဇာတ်လမ်းကိုအစကနေဖတ်ထားတဲ့သူတွေဆိုနားလည်လောက်မှာပါ။

အမှန်တော့winလည်းအခုလို se မလုပ်ချင်ပါဘူး။winမလုပ်ချင်ရင် he ပေးလုပ်လိုက်ပေါ့လို့ပြောကောင်းလည်းပြောနေကြမှာပေါ့။ဒီလိုအဖြစ်ပျက်တွေဆိုတာအမှန်တကယ်ရှိပါတယ်။သေဆုံးသွားတဲ့လူတွေကဒီလိုတစ်ပါးသူရဲ့ခန္တာထဲနေနိုင်ပါတယ်။နေနိုင်တယ်ဆိုတာယမမင်းရဲ့ခွင့်ပြုချက်ရမှပါ။ဇာတ်လမ်းထဲမှာတော့ယမမင်းကခွင့်ပြုပေးပေမယ့်လက်တွေ့လောကမှာကျ အောက်လမ်းတွေနဲ့နေကြတာများပါတယ်။

လရိပ်ကသေထားတဲ့လူတစ်ယောက်မို့သဘာ၀တရားကြီးကိုဆန့်ကျင်တဲ့အနေနဲ့နေလို့မရပါဘူး။ဒါကြောင့်သာသေဆုံးသွားရတာပါနော်။

ဖတ်ပေးကြသူတစ်ဦးစီတိုင်းကိုကျေးဇူးတင်ပါတယ်။လိုအပ်ချက်ပေါင်းများစွာကိုသည်းခံပေးနိုင်ခဲ့ကြတဲ့အတွက်လည်းအမှန်တကယ်ကိုကျေးဇူးတင်ပါတယ်ရှင်။

လရိပ်နဲ့၀လ္လာတို့ဟာရေစက်ရှိလို့ဆုံစည်းခဲ့ကြသလိုပဲ win နဲ့ဖတ်ပေးသူတွေကိုဆုံစည်းပေးခဲ့တဲ့ရေစက်တွေကိုလည်းကျေးဇူးတင်ရှိပါကြောင်း။

ရေစက်Where stories live. Discover now